PubBit Macro Trend 25.01.2023

တင်ဆက်ပေးနေကြ အက်မင်ညီမလေး ပြန်လာပါပီရှင့်…….. ဒီနေ့မှာလဲ ညီမလေး က Macro Trend သတင်း လေးတွေ စီစဉ်ထားပါတယ်ရှင့်။ ဖတ်ကြည့်ကြပါနော် 🥰🥰😘 🥰🥰😘

Telegram channel လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMChannel  

Telegram Group လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMGroup

1)🙌🙌🙌အမေရိကန် ဒီမိုကရက်များသည် debt ceiling ကိုဖယ်ရှားရန် ဥပဒေတစ်ရပ် အဆိုပြု

Debt ceiling ကို ဖယ်ရှားရန် ဥပဒေသစ်တစ်ရပ်ကို အမေရိကန် ဒီမိုကရက်များက အဆိုပြုခဲ့သည်။ အစီရင်ခံစာအရ အောက်လွှတ်တော် ဒီမိုကရက်တစ် ဒါဇင်ပေါင်းများစွာက အစိုးရအား ကွန်ဂရက်က သတ်မှတ်ထားသော ကန့်သတ်ချက်မရှိဘဲ အရင်းအနှီး ချေးငှားခွင့်ပြုရန် ဥပဒေမူဘောင်ကို အဆိုပြုခဲ့ကြသည်။

အမေရိကန် ပြည်ထောင်စု အစိုးရသည် ပြီးခဲ့သည့် သီတင်းပတ်က ကြွေးမြီ ပမာဏ ဒေါ်လာ ၃၁.၄ ထရီလီယံ ကို ကျော်တက်သွားပြီးနောက် ထိုသို့ရေးဆွဲထားသော ဥပဒေ ထွက်ပေါ်လာသည်။ ထို့အပြင် အောက်လွှတ်တော် ရီပတ်ဘလီကန်များက ဖက်ဒရယ်အသုံးစရိတ်ကို စံချိန်တင်လျှော့ချရန် တောင်းဆိုမှုဖြင့် ဒီမိုကရက်များ၏ ကြိုးပမ်းမှုများကို တန်ပြန်ခဲ့သည်။

Source: Watcher.Guru

.

.

.

ဒီပိုစ့်ကိုစပွန်ဆာထားတာကတော့ NATIV ကပဲဖြစ်ပါတယ်ရှင့်

Beta tester ထဲပါဖို့အတွက် NATIV website မှာ email ထည့်ပြီး sign up လိုက်ရုံနဲ့ waitlist ပါသွားပါပီရှင့်

Click here 👉👉👉 - https://www.nativ.me/my

2)💥💥💥အမေရိကန်နိုင်ငံသည် ၎င်း၏ ကပ်ဘေးကြွေးမြီပြဿနာကို ဖြေရှင်းရန် အခြားနိုင်ငံများကို အဖျက်အမှောင့်လုပ်နေသည်ဟု တရုတ်စွပ်စွဲ

တရုတ်နိုင်ငံသည် အမေရိကန်ကို ၎င်း၏ ကြွေးမြီကန့်သတ်ချက်ကြောင့်  ဝေဖန်ခဲ့သည်။ ၄င်းဝေဖန်မှုမှာ ဘဏ္ဍာရေးဝန်ကြီးဖြစ်သော Janet Yellen က တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကြွေးမြီပြဿနာများကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် ဆန့်ကျင်ပြောဆိုပြီးနောက် ဤသို့ဝေဖန်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်သံရုံးကလည်း 

“နိုင်ငံပြင်ပ ကြွေးမြီပြဿနာတွေအတွက် အမေရိကန်က ပေးနိုင်တဲ့ အကြီးမားဆုံး ပံ့ပိုးကူညီမှုကတော့ ငွေကြေးမူဝါဒတွေကို လိုက်နာဖို့၊ သူတို့ရဲ့ကိုယ်ပိုင် ကြွေးမြီပြဿနာကို ရင်ဆိုင်ဖြေရှင်းဖို့နဲ့ သူတို့ရဲ့ ရင်ဆိုင်နေရတဲ့ ကြွေးမြီပြဿနာတွေကို ကူဖြေရှင်းဖို့ တက်ကြွတဲ့ တခြားအချုပ်အခြာအာဏာပိုင်နိုင်ငံတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ရပ်တန့်ဖို့ပါပဲ” ဟု စာထုတ်ပြန်ထားပါသည်။

ဤအဖြစ်အပျက်တွေကို ထောက်ခြင်းအားဖြင့် တရုတ်နှင့် အမေရိကန်ကြား မကြာသေးမီက ရန်လိုမှုများ ပျော့ပျောင်းလာခြင်းနှင့် ဆန့်ကျင်ဘက်ပြန်ဖြစ်လာပုံရပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာလက နှစ်နိုင်ငံ သမ္မတများသည် လွန်ခဲ့သောနှစ်များအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ ထို့အပြင် Yellen နှင့် သူမ၏လုပ်ဖော်ကိုင်ဖက် Liu He တို့သည် ပြေလည်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Source: Watcher guru

.

.

.

3)✔️✔️✔️ဆော်ဒီအာရေးဗီးယားနှင့် တရုတ်တို့သည် စွမ်းအင်အကူးအပြောင်းတွင် အဘယ်ကြောင့် ကမ္ဘာ့လက်တွေ့အကျဆုံးနိုင်ငံများဖြစ်ကြသနည်း

ဆော်ဒီအာရေးဗီးယားနှင့် တရုတ်နိုင်ငံတို့သည် ကမ္ဘာ့စွမ်းအင်ဈေးကွက်တွင် အဓိကကျသော အင်အားစုများဖြစ်ကြပြီး သန့်စင်သော စွမ်းအင်ပုံစံများအဖြစ် အသွင်ကူးပြောင်းရေး၌ အောင်မြင်ရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ သို့သော်လည်း ဆော်ဒီအာရေးဗီးယား၏ မျှော်မှန်းချက်ဖြစ်သော 2030ခုနှစ် ပြုပြင်ပြောင်းလဲရေးအစီအစဉ်အတွက် ရေနံမှရရှိသောငွေများသည် မရှိမဖြစ်လိုအပ်နေပြီး တရုတ်နိုင်ငံသည်လည်း သူ၏ စွမ်းအင်လုံခြုံရေးအတွက် ရုပ်ကြွင်းလောင်စာများအပေါ်တွင် မှီခိုနေရဆဲဖြစ်သောကြောင့် ထိုနှစ်နိုင်ငံစလုံးသည် အနာဂတ်တွင် ရုပ်ကြွင်းလောင်စာများအတွက် အခန်းကဏ္ဍတစ်ခုအဖြစ် မြင်တွေ့နေရပါသည်။

ဆော်ဒီအာရေးဗီးယားသည် ၎င်း၏အစိုးရပိုင်ရေနံကုမ္ပဏီဖြစ်သော Saudi Aramco မှတစ်ဆင့် နောက်ဆုံးရေနံထုတ်လုပ်သူအဖြစ် ရပ်တည်နိုင်ရန် မျှော်မှန်းထားပြီး ရေနံမြေများကို ထိရောက်စွာ သက်တမ်း ရှည်စေနိုင်မည့် နည်းပညာကို အာရုံစိုက်လျက်ရှိပါသည်။ ကုမ္ပဏီသည် 2021 ခုနှစ်တွင် US Patent Office မှ မူပိုင်ခွင့် 864 ခုကို ခွင့်ပြုခံခဲ့ရပြီး အများစုမှာ ရေနံတွင်းများကို ထိရောက်စွာ သက်တမ်း ရှည်ကြာစေမည့် နည်းပညာနှင့် သက်ဆိုင်ပါသည်။ ဆော်ဒီအာရေးဗီးယား၏ စွမ်းအင်ဝန်ကြီးက ကမ္ဘာ့ရေနံကုန်းပြင်မြင့်တွင် ဝယ်လိုအား ကျဆင်းသွားသော်လည်း အခြားထုတ်လုပ်သူများ နည်းသွားနိုင်သဖြင့် ဆော်ဒီအာရေဗျသည် အဓိကထုတ်လုပ်သူအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသစ်ပြန်လည်ဖြည့်တင်းနိုင်သော သယံဇာတ ထုတ်လုပ်ရေးလုပ်ငန်းနှင့် နည်းပညာပိုင်းတွင် ဦးဆောင်နေသည့် ကမ္ဘာ့အကြီးဆုံး ရေနံတင်သွင်းသူ  တရုတ်နိုင်ငံသည် စွမ်းအင်လုံခြုံရေးနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် လုပ်ဆောင်နေသည်။ သို့သော်လည်း တရုတ်နိုင်ငံသည် 2021 ခုနှစ်တွင် ကျောက်မီးသွေးနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီးနောက် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုနေရဆဲဖြစ်ပြီး GCC နိုင်ငံများမှ ရေနံအမြောက်အမြား ဆက်လက်တင်သွင်းကာ LNG များ ပိုမိုဝယ်ယူမည်ဖြစ်သည်။ တရုတ်သည် ကာဗွန်ထုတ်လွှတ်မှု အထွတ်အထိပ်ရောက်ရန် ကာဗွန်ထုတ်လွှတ်မှု နှင့် ကာဗွန်ကြားနေရေးဆိုင်ရာ ရည်မှန်းချက်များဆီသို့ တက်တက်ကြွကြွနှင့် သတိရှိရှိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားသော်လည်း ရုပ်ကြွင်းလောင်စာများအတွက် နေရာလွတ်ရှိနေသေးပြီး ယင်းကျောက်မီးသွေးကို ပိုမိုသန့်ရှင်းပြီး ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် ဤအကူးအပြောင်းတွင် အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်း၏ အကျိုးကျေးဇူးများကို ခံစားရမည်ဟု မြင်သည်။ တရုတ်နိုင်ငံ၏ ရှားပါးမြေနှင့် နည်းပညာသည် ဆော်ဒီအာရေဗျ၏ ပြည်တွင်း ပြန်လည်ပြည့်ဖြိုးရေး အသွင်ကူးပြောင်းမှုကို အောင်မြင်စေရန် ကူညီပေးမည်ဖြစ်ပြီး ဆော်ဒီအာရေဗျသည် ရေနံပိုမိုတင်ပို့ခြင်းဖြင့် ရေနံဝင်ငွေ တိုးလာနိုင်ပြီး ဆော်ဒီအာရေဗျ၏ ရေနံသည် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ စွမ်းအင်လုံခြုံရေးကို ရရှိအောင် ကူညီပေးမည်ဖြစ်သည်။ နှစ်နိုင်ငံစလုံးသည် ဤစွမ်းအင်အကူးအပြောင်းကို အောင်မြင်ရန် ရေရှည်မျှော်မှန်းချက်ရှိပြီး ရုပ်ကြွင်းလောင်စာများသည် ဤအရင်းအမြစ်များ၏ အကန့်အသတ်ရှိသော သဘာဝပင်ဖြစ်သော်လည်း အနာဂတ်တွင် ရုပ်ကြွင်းလောင်စာများသည် အခန်းကဏ္ဍတစ်ခုမှ ဆက်လက်ပါဝင်နေဦးမည်ကို နားလည်ကြသည်။

Source: 13D Research and Strategy

#PubBit #macrotrends #cryptocurrency


PubBit Myanmar logo
Subscribe to PubBit Myanmar and never miss a post.
#pubbit#macrotrends#cryptocurrency
  • Loading comments...