🟡 PubBit News Updates 27.02.2023

Crypto အကြောင်းကို စိတ်ဝင်စားသောသူများ PubBit Community နှင့် သင်ယူလိုစိတ်ရှိသောသူများနဲ့ လက်တွဲရန် ဖိတ်ခေါ်ပါတယ်။

PubBit ကနေ တင်ဆက်သော နောက်ဆုံးအကြောင်းအရာများကို ပိုမိုသိရှိရန် ကျွန်တော်တို့ရဲ့ Channel ကို join ပေးပါခင်ဗျာ။ 👉 https://t.me/PubBitMMChannel

အကူအညီလိုအပ်သည်ဖြစ်စေ၊ မေးမြန်စုံစမ်းလိုသည်ဖြစ်စေ သို့မဟုတ် အခြား crypto အကြောင်း လေ့လာလိုသူများနဲ့ စကားပြောလိုပါက ကျွန်တော်တို့ရဲ့ Group Chat ကို join ပါပေးပါ ခင်ဗျာ။ 👉 https://t.me/PubBitMMGroup

ဒီစာစောင်ကို nativ က စပွန်ဆာပေးထားတာဖြစ်ပြီး nativ ကတော့ အလွယ်ကူဆုံး ပေးပို့မှု၊ အသုံးပြုမှု ၊ လဲလှယ်မှု နှင့် သင့်ရဲ့ crypto savings တွင် အတိုးနှုန်းရယူမှုတို့အတွက် ဝန်ဆောင်မှုကိုပေးနေသော crypto wallet တစ်ခုဖြစ်ပါတယ် ခင်ဗျာ။


မင်မင်တို့ကို Sponsor ပေးထားတဲ့ nativ အကြောင်းပိုပြီးသိရှိစေရန်နှင့် Beta Tester ဖြစ်လာဖို့ဆိုရင် 👉https://bit.ly/nativlinktree


🟡 ၄၈ နာရီအတွင်း NFT 1010 ခု ကို Whale ရောင်းချနိုင်ခဲ့

Nansen က ထုတ်ပြန်ထားသော အချက်အလက်များအရ Machi Big Brother လို့လည်း လူသိများတဲ့ whale Jeffrey Hwang ဟာ NFT ၁၀၁၀ ခုကို Eth 11680 သို့မဟုတ် ဒေါ်လာ ၁၈.၆ သန်းဖြင့် ၄၈ နာရီအတွင်း dump (dump - ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်သော အသုံးအနှုန်း) နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရေးသားခဲ့သော Nansen ရဲ့ simian psychometric enhancement technician တစ်ဖြစ်တဲ့ Andrew Thurman ရဲ့ တွစ်တာတွင် ရေးသားချက်အရ လွန်ခဲ့တဲ့ ၂ ရက်အတွင်းက trading activity များကို လေ့လာခြင်းအားဖြင့် ဒါဟာ အကြီးမားဆုံးသော NFT dump ဖြစ်နိုင်ကြောင်း ဆိုပါတယ်။

ကြီးမားသော အရောင်းအဝယ်တွင် 90 Bored Yacht Club (BAYC) NFTs ၊ 191 Mutant Ape Yacht Club ( MAYC) NFTs နှင့် ၃၀၈ Otherdeeds NFTs တို့ပါဝင်ခဲ့ပါတယ်။

Source: Cointelegraph

🟡 Polygon Network တွက် လုပ်ထားသော Solana-Compatible Rollup Blockchain ကို Eclipse မိတ်ဆက်မည်

Blockchain Development ကုမ္ပဏီတစ်ခုဖြစ်တဲ့ Eclipse ရဲ့ ကြေညာချက်အရ Polygon အတွက် လုပ်ပေးထားပြီး Solana နဲ့လည်း အသုံးပြုလုပ်ရသော blockchain တစ်ခုဖြစ်တဲ့ Polygon SVM ကိုမကြာခင် ထုတ်ပြန်မည်ဟု ကြေညာခဲ့ပါတယ်။

Polygon SVM လုပ်ရတဲ့ ရှည်မှန်းချက်ကတော့ Solana developers များကို သူတို့ရဲ့ app များ Polygon ကို ရွေ့စေနိုင်ရန်ဖြစ်ပြီး ဒါကိုလည်း EVM အတွက် code ပြန်လည် တည်ဆောက်စရာမလိုပဲ လုပ်ခွင့်ပေးမည်ဖြစ်ပါတယ်။ Polygon SVM testnet ဟာ ဒီနှစ် ပထမ ၃ လပတ်အတွင်း launch နိုင်မည်ဟု ခန့်မှန်းရပြီး  mainnet မှာတော့ ဒုတိယ ၃ လပတ်တွင် အသုံးပြုနိုင်ရန် ခန့်မှန်းရပါတယ်။

Source: The Block

🟡 Wormhole Hacker ထံကနေ ဒေါ်လာ ၂၂၅ သန်း ပြန်လည် ရယူနိုင်ခဲ့တဲ့ Jump Crypto နှင့် Oasis.app

Web3 infrastructure ကုမ္ပဏီတစ်ခုဖြစ်တဲ့ Jump Crypto နှင့် decentralized finance platform တစ်ခုဖြစ်တဲ့ Oasis.app တို့ဟာ “counter expoit” လို့ခေါ်တဲ့ တန်ပြန်တိုက်ခိုက်မှုကို Wormhole protocol hacker များအပေါ် ပြုလုပ်နိုင်ခဲ့ပြီး ဒေါ်လာ ၂၂၅ သန်း တန်ဖိုးရှိသော digital assets များကို ပြန်လည် ရယူနိုင်ခဲ့ပြီး လုံခြုံသော wallet ကို ပြန်လည်လွှဲပြောင်းနိုင်ခဲ့ပါတယ်။

Wormhole တိုက်ခိုက်မှုဟာ ၂၀၂၂ ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေါ်လာ ၃၂၁ သန်း တန်ဖိုးရှိသော ETH(wETH) ကို အားနည်းနေသော protocol များရဲ့ token bridge ကိုအသုံးချပြီး ခိုးယူမှု ပြုလုပ်ခဲ့ပါတယ်။

Hacker များဟာ ခိုးယူထားသော ငွေများကို Oasis ၊ wstETH နှင့် Rocket Pool ETH အစရှိသော Ethereum အခြေစိုက် decentralized applications (DApps) များကိုအသုံးပြုပြီး funds များကို လွှဲပြောင်းခဲ့ပါတယ်။

Source: Cointelegraph

🟡 Platypus တိုက်ခိုက်မှုနဲ့ပတ်သက်သော လူ ၂ ဦးကို ပြင်သစ်ရဲဖမ်းဆီး

ဒေါ်လာ ၉.၁ သန်းခန့် အခိုးခံလိုက်ရသော Platypus တိုက်ခိုက်မှုနဲ့ ဆက်နွယ်နေသော လူ ၂ ဦးကို ပြင်သစ်ရဲများက ဖမ်းဆီးခဲ့ပြီး  ဒေါ်လာ ၂၂၂၀၀၀ တန်ဖိုးရှိသော cryptocurrency ကိုလည်း သိမ်းဆီးရမိကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောပါတယ်။

ဒီလိုဖမ်းဆီးမှုကို on-chain sleuth ဖြစ်တဲ့  ZachXTB နှင့် crypto exchange ကုမ္ပဏီဖြစ်တဲ့ Binance နှင့် Platypus တို့က ကြိုဆိုခဲ့ကြပါတယ်။ ဒီဖြစ်မှုကို ကျူးလွန်သူများကပဲ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် decentralized protocol တွင် လျှင်မြန်သော loan တိုက်မှု ၃ ခုကိုလည်းကျူးလွန်ခဲ့ကြပါတယ်။

Source: Cointelegraph

🟡 ရုရှားကျူးကျော်စစ်နောက်ပိုင်း Crypto ကနေ အလှူငွေ ဒေါ်လာ ၇၀ သန်း ယူကရိန်း ရရှိ

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် Chainalysis က ထုတ်ပြန်ထားသော အချက်အလက်များအရ အလှူငွေအများစုဟာ Ether နှင့် Bitcoin ကနေ တစ်ဆင့် ရရှိခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ ETH အလှူရှင်များဟာ ထိပ်ဆုံးကနေ ဒေါ်လာ ၂၈.၉ သန်းဖြင့် ဦးဆောင်နေပြီး BTC နှင့် Tether USDT ကနေ လှူဒါန်းမှုကတော့ ဒေါ်လာ ၂၂.၈ သန်း နှင့် ၁၁.၅၉ သန်းအသီသီးရှိခဲ့ပါတယ်။

NFT ကနေလည်း တစ်ချို့လှူဒါန်းမှုရှိခဲ့ပြီး ထိုထဲတွင် ယူကရိန်းအလံ NFT ကို ဒေါ်လာ ၆.၁ သန်းဖြင့် UkraineDAO လေလံပွဲတွင် ရောင်းချနိုင်မှုလည်းပါဝင်ပါတယ်။

Source: Cointelegraph

🟡 Holli လို့ခေါ်တဲ့ Testnet အသစ်လုပ်ရန် Ethereum Core Developers များစီစဉ်နေ

Holli ကို ယခုနှစ် ကုန်ပိုင်းလောက်တွင် မိတ်ဆက်မယ်လို့ ခန့်မှန်းရပြီး တိုးတက်မှုအဖြစ် clients နှင့် applications များအတွက် testing environment နှင့် node operators တို့တွင် တိုးတက်မှု တစ်ချို့ရှိလာနိုင်ပါတယ်။ Ethereum test network ပေါ်တွင် ETH supply ရယူမှုနဲ့ ဆိုင်သော စိန်ခေါ်မှုများကို ဖြေရှင်းရန် ရည်ရွယ်ထားပြီး အထူးဖြင့် Goerli ပေါ်က စိန်ခေါ်မှုလည်းပါဝင်ပါတယ်။

Testnets များဟာ စမ်းသပ်မှုအတွက် ပြုလုပ်ထားသော clone blockchains များပဲ ဖြစ်ပါတယ်၊ developers များကို applications များစမ်းသပ်ခွင့်ပေးပြီး mainet ပေါ်တွင် အသုံးမပြုခင် bugs ရှိမရှိကို စစ်ဆေးစေနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ Ethereum ရဲ့ ecosystem တွင် Goerli နှင့် Sepolia အစရှိသော အဓိက testnet များကို အသုံးပြုခွင့်ပေးထားပါတယ်။

Source: The Block

PubBit Myanmar logo
Subscribe to PubBit Myanmar and never miss a post.
#pubbit#cryptocurrency#newsupdates
  • Loading comments...