🟡 PubBit - What is happening to BUSD 08.03.2023

Crypto အကြောင်းကို စိတ်ဝင်စားသော PubBit Community နှင့် သင်ယူလိုစိတ်ရှိသောသူများနဲ့ လက်တွဲရန် ဖိတ်ခေါ်ပါတယ်။

PubBit ကနေ တင်ဆက်သော နောက်ဆုံးအကြောင်းအရာများကို ပိုမိုသိရှိရန် ကျွန်တော်တို့ရဲ့ Channel ကို join ပေးပါခင်ဗျာ။ 👉 https://t.me/PubBitMMChannel

အကူအညီလိုအပ်သည်ဖြစ်စေ၊ စုံစမ်းမေးမြန်းလိုသည်ဖြစ်စေ သို့မဟုတ် အခြား crypto အကြောင်း လေ့လာလိုသူများနဲ့ စကားပြောလိုပါက ကျွန်တော်တို့ရဲ့ Group Chat ကို join ပါပေးပါ ခင်ဗျာ။ 👉 https://t.me/PubBitMMGroup

ဒီစာစောင်ကို nativ က စပွန်ဆာပေးထားတာဖြစ်ပြီး nativ ကတော့ အလွယ်ကူဆုံး ပေးပို့မှု၊ အသုံးပြုမှု ၊ လဲလှယ်မှု နှင့် သင့်ရဲ့ crypto savings တွင် အတိုးနှုန်းရယူမှုတို့အတွက် ဝန်ဆောင်မှုကိုပေးနေသော crypto wallet တစ်ခုဖြစ်ပါတယ် ခင်ဗျာ။


What is happening to BUSD?

ကျွန်တော်တို့ရဲ့ Sponsor နှင့် nativ အကြောင်းကို ပိုမိုလေ့လာပြီး၊ Beta testers လည်း ဖြစ်လာနိုင်ပါတယ် ခင်ဗျာ။👉 https://bit.ly/nativlinktree


🟡 ဘာတွေဖြစ်နေသလဲ

အမေရိကန်အစိုးရလက်အောက်က Securities and Exchange Commission ကတော့ မကြာသေးခင်ကပဲ Wells notice လို့ခေါ်တဲ့ သတိပေးစာပေးပို့ခဲ့ပြီး၊ အဲ့သတိပေးစာကိုတော့ BUSD ကို ထုတ်ပေးတဲ့ blockchain infrastructure platform ဖြစ်တဲ့ Paxos ကပေးပို့ခဲ့တာ ဖြစ်ပါတယ်။

Cryptocurrency ကုမ္ပဏီဖြစ်တဲ့ Paxos ကတော့ Binance USD သို့မဟုတ် BUSD အသစ်ထုတ်ပေးမှုကို ရပ်ဆိုင်းမည်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ Binance USD ဟာ နယူးယောက်ပြည်နယ်ဘဏ္ဍာရေးမူဝါဒရေးဆွဲသူများ၏ လမ်းညွှန်အောက်မှာပဲ လည်ပတ်နေတယ်လို့ Binance တည်ထောင်သူဖြစ်တဲ့ Changpeng Zhao က တနင်္လာနေ့တွင် ပြောပါတယ်။

Paxos ရဲ့ stablecoin ကိုတော့ ထိခိုက်ခြင်း မရှိပါဘူး ဒါပေမယ့် SEC က သတိပေးစာ ပေးပို့လာကြောင်းကို ကုမ္ပဏီက တည်ပြုခဲ့ပြီး BUSD နဲ့ ဆက်ပြီး ပတ်သက်နေပါက အရေးယူခံရမှု ကြုံရလာနိုင်ကြောင်း သတိပေးစာ ရောက်လာတယ်လို့ ပြောပါတယ်။

ဒါဟာ ယခင်က လွတ်လပ်စွာ လည်ပတ်ခဲ့သော crypto လောကကို စည်းမျဉ်းစည်းကမ်းများ ရေးဆွဲသူများက ထိန်းချုပ်ရန် နောက်ဆုံးကြိုးပမ်းတစ်ခုဖြစ်ပါတယမ်။ ပြီးခဲ့တဲ့ အပတ်မှာပဲ SEC ဟာ crypto exchange ကုမ္ပဏီတစ်ခုဖြစ်တဲ့ Kraken ကို မှတ်ပုံတင်ထားခြင်းမရှိသော အရောင်းအဝယ်နဲ့ ပတ်သက်ဆယ်ဆိုပြီး တရားရေးရာ ဖြေရှင်းမှုလုပ်ခဲ့ပါသေးတယ်၊ Kraken ရဲ့ crypto ဟာ staking platform နဲ့ ဆက်နွယ်ပတ်သက်ခဲ့ကြောင်း စွပ်စွဲခံရတာ ဖြစ်ပါတယ်။

နယူးယောက်ပြည်နယ်ဘဏ္ဍာရေးဝန်ဆောင်မှုဌာနကတော့ Paxos ရဲ့ Binance နဲ့ဆက်နွယ်နေသော မဖြေရှင်းရသေးတဲ့ ပြဿနာများနဲ့ပတ်သက်ပြီး အမိန့်တစ်ခုထုတ်ပြန်ခဲ့တယ်လို့ မူဝါဒရေဆွဲသူများက တနင်္လာနေ့တွင် ပြောခဲ့ပါတယ်။

🟡 အသုံးပြုမှုလျှော့ကျလာပြီးနောက် ထိပ်ဆုံး crypto assets ၁၀ ခုနေရာကနေ ပြုတ်ကျလာတဲ့ BUSD Stablecoin

Stablecoin BUSD ကို mint လုပ်မှာ မဟုတ်တော့ကြောင်းကို Paxos က ကြေညာပြီးနောက် လက်ရှိအချိန်အထိ circulation ကနေ ဖယ်ရှားခံထားရသော BUSD stablecoins ပေါင်း ၄.၉၈ ဘီလီယံအထိ ရှိလာပြီဖြစ်ပါတယ်။ Paxos ရဲ့ စီမံမှုအောက်တွင်ရှိသော ဒီ stablecoin ဟာ စျေးကွက်တန်ဖိုးတွင် ထိပ်ဆုံး နေရာ ၁၀ ခုကနေလည်း ပြုတ်ကျလာခဲ့ပြီး စျေးကွက်တန်ဖိုး ဒေါ်လာ ၁၁.၁၂ ဘီလီယံခန့်သာရှိလာခဲ့ပြီးနောက် dogecoin ထက် တန်ဖိုးနည်းလာခဲ့ပါတယ်။ dogecoin ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၁.၂၄ ဘီလီယံရှိပါတယ်။

ကြေညာချက် ထုတ်ပြန်ပြီးနောက် circulation တွင် လည်ပတ်နေသော BUSD coins ၁၆.၁ ဘီလီယံခန့်ရှိခဲ့သော်လည်း ခုတော့ ၁၁,၁၂၉,၃၄၈,၄၀၆ BUSD ခန့်သာ လည်ပတ်နေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၂ ရက်အတွင်း BUSD ၄.၉၈ ဘီလီယံခန့်ကို redemption လုပ်ခဲ့ကြပြီး ဒေါ်လာတန်ဖိုး အပေါ် အခြေခံပြီး ထုတ်ထားသော crypto assets များကတော့ အမေရိကန်ဒေါ်လာ တန်ဖိုးအတိုင်းရှိနေဆဲဖြစ်ပါတယ်။

🟡 မတ်လ ၁၃ ရက်နေ့ကစပြီး BUSD ရောင်းဝယ်မှုကို Coinbase ဆိုင်းငံ့မည်

Coinbase ဟာ Binance BUSD stablecoin ရောင်းဝယ်မှုကို မတ်လ ၁၃ ရက်နေ့ကစပြီး ရပ်ဆိုင်းမယ်လို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် twitter မှာ ကြေညာသွားခဲ့ပါတယ်။ သူတို့ကတော့ ဒီလိုရောင်းဝယ်မှုရပ်ဆိုင်းရသည့် ဆုံးဖြတ်ချက်၏ နောက်ခံအကြောင်းအရင်းကတော့ listing standards ကြောင့်ဖြစ်ကြောင်း ပြောပါတယ်။ စျေးကွက်တန်ဖိုးအရ BUSD ဟာ တတိယအကြီးဆုံး stablecoin တစ်ခုဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် Coinbase.com (simple and advanced) ၊ Coinbase Pro ၊ Coinbase Exchange နှင့် Coinbase Prime တို့အတွက် အကျုံးဝင်မယ်လို့ twitter တွင် ရေးသားခဲ့ပါတယ်။ “သင့်ရဲ့ BUSD funds ကိုတော့ သင်ဝင်ရောက်ပိုင်ခွင့်ရှိပါတယ်၊ သင့်ရဲ့ funds ကို အချိန်မရွေး ထုတ်ပိုင်ခွင့်လည်း ဆက်လက်ရရှိမှာပါ” ဟု ရေးသားထားပါတယ်။

ဒီအကြောင်းကြောင့်ပဲ BUSD ကို Coinbase ကနေ delist လုပ်လာနိုင်ခြေလည်းရှိပြီး ဒါဟာ token ရုပ်သိမ်းကြောင်း ကြေညာချက်များစွာထဲက ပထမဆုံး ကြေညာချက်တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။

တစ်ပတ်အတွင်း ဒေါ်လာ ၁၃၀ သန်းဖိုးရှိ TUSD ကို Binance က mint လုပ်ပြီးနောက် ၅ ခုမြောက် အကြီးဆုံး stablecoin ဖြစ်လာတဲ့ TrueUSD

Crypto exchange ကုမ္ပဏီကြီးဖြစ်တဲ့ Binance အတွက် အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်ပေးနေတဲ့ trueUSD (TUSD) ဟာ စျေးကွက်တန်ဖိုးအရ ၅ ခုမြောက် အကြီးဆုံး stablecoin ဖြစ်လာပါတယ်။

Crypto စောင့်ကြည့်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Nansen က ထုတ်ပြန်ထားသော blockchain အချက်အလက်များအရ ရောင်းဝယ်မှုပမာဏတွင် ကမ္ဘာ့အကြီးဆုံး crypto exchange ကုမ္ပဏီကြီးဖြစ်တဲ့ Binance ဟာ လွန်ခဲ့တဲ့ ၇ ရက်အတွင်း ဒေါ်လာ ၁၃၀ သန်း တန်ဖိုးရှိသော TUSD ကို mint လုပ်ခဲ့ကြောင်း ဆိုပါတယ်။

မကြာသေးခင်က အသုံးပြုမှု မြင့်တက်လာမှုကြောင့် TrueUSD stablecoin လည်ပတ်မှုအတွက် supply ဟာ ဒေါ်လာ ၁.၁ ဘီလီယံကျော်တက်သွားခဲ့တယ်လို့ crypto price tracker ကုမ္ပဏီဖြစ်တဲ့ CoinGecko က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရပါတယ်။ ဒါဟာ ဩဂုတ်လနောက်ပိုင်း အမြင့်မားဆုံး အဆင့်ကို ရောက်သွားတာဖြစ်ပါတယ်။

TUSD ဟာ ပြီးခဲ့တဲ့ အပတ်တွင် ၁၅ ရာခိုင်နှုန်း တန်ဖိုးတိုးလာခဲ့ပြီး finance protocol တစ်ခုဖြစ်တဲ့ Frax Finance ရဲ့ native stablecoin frax (FRX) ကို ကျော်တက်ကာ အဆင့် ၅ နောကို တက်လာခဲ့ကြောင်းကို DefiLlama က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရပါတယ်။

🟡 BUSD ကိုဆန့်ကျင်တဲ့ SEC ရဲ့ လုပ်ရပ်များဟာ Binance ထက် stablecoins ကို ပပိုပြီးပစ်မှတ်ထားနေတာလား?

BUSD ကိုပစ်မှတ်ထားတဲ့ SEC ရဲ့ လုပ်ရပ်များဟာ မူဝါဒရေးဆွဲသူများအနေနဲ့ stablecoin စျေးကွက်အပေါ် ပစ်မှတ်ထားနေသလား သို့မဟုတ် crypto exchange ကုမ္ပဏီဖြစ်တဲ့ Binance ကို ပစ်မှတ်ထားနေတာလား ဆိုတာ မသေချာပါဘူး။

စျေးကွက်တန်ဖိုးအရ stablecoin အများဆုံး ထုတ်ပေးတဲ့ Tether ကတော့ stablecoin ကို securities အဖြစ် သတ်မှတ်သလား ဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းကို အတိအကျ ဖြေဆိုခြင်းမရှိပါဘူး။ ဒါပေမယ့် ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက Cointelegraph ကို ပြောဆိုချက်အရ “Tether ဟာ နိုင်ငံတကာတွင်ရှိသော ဥပဒေပြု အဖွဲ့အစည်းများနဲ့ ဆက်ဆံရေးကောင်းရှိထားပြီး လုံခြုံပြီး ပွင့်လင်းမြင်သာမှုရှိသော ဝန်ဆောင်မှုကို ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအောက်တွင် ဆက်ပေးမယ်” လို့ ပြောခဲ့ပါတယ်။

Crypto အသိုင်းအဝိုင်းအများစုကတော့ BUSD ကို security အဖြစ် စွပ်စွဲမှုကြောင့် ခေါင်းရှုပ်လာခဲ့ကြပြီး ဥပဒေအရ အရေးယူမှုကြောင့် crypto လောကကို ခေါင်းကိုက်လာစေခဲ့ပါတယ်။ ဒီလိုဖြစ်လာရတဲ့ အကြောင်းအရင်းကလည်း BUSD ဟာ stable ဖြစ်သောကြောင့်ဖြစ်ပြီး ဒေါ်လာရဲ့ တန်ဖိုးအတိုင်း 1:1 peg ကို ထိန်းသိမ်းထားနိုင်ပြီးတော့ speculation အတွက် သူ့ရဲ့ အသုံးပြုမှုကို ကန့်သတ်ထားနိုင်ပါတယ်။

Sussex University တွင် ဘဏ္ဍာရေးဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်တဲ့ Carol Alexander ရဲ့ ပြောဆိုချက်အရ အမေရိကန်နိုင်ငံက ဥပဒေရေးဆွဲသူများရဲ့‌ လုပ်ရပ်ဟာ “stablecoins များထက် Binance ကို ပစ်မှတ်ထားနေတာ” လို့ပြောပါတယ်။

🟡 Stablecoin ကို အစားထိုးရန် ဒေါ်လာသာမက အခြားနည်းလမ်းကိုလည်း Binance ရှာဖွေနေ

Binance ရဲ့ CEO ဖြစ်တဲ့ Changpeng Zhao ရဲ့ သူ့ရဲ့ twitter တွင်ပြောဆိုချက်အရ ကုမ္ပဏီဟာ အခြား issuers များနှင့် non-USD အခြေစိုက် stablecoin များကိုလည်းလေ့လာနေကြောင်း ပြောပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေများဟာ non-USD stablecoins များအတွက် အခွင့်အရေးတစ်ခုကိုလည်း ဖန်တီးပေးနေပါတယ်။ “Binance လို ကြီးမားတဲ့ကုမ္ပဏီဖြစ်ပြီး သူတို့ရဲ့ ဩဇာလွမ်းမိုးမှုဟာ stablecoin space မှာ အရေးပါတဲ့ နေရာကို အမြဲတမ်း ရယူနိုင်မှာပါ။ တစ်ချို့ stablecoin တွင် စျေးနှုန်ပြောင်းလဲသတ်မှတ်ခြင်းကြောင့် ကြီးမားသော ကွန်ရက်ဆိုင်ရာ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေတယ်” လို့ သူက ဆက်ရေးပါတယ်။

🟡 Tether နှင့် USDC တို့ဟာ အန္တရာယ်နဲ့ ရင်ဆိုင်နေကြသလား?

Tether နှင့် USDC တို့ဟာ အန္တရာယ်နဲ့ ရင်ဆိုင်နေကြသလား ဆိုတာနဲ့ပတ်သက်ပြီး SEC ရဲ့ Paxos နှင့် BUSD တို့အပေါ် စွပ်စွဲချက်တွေအပေါ်မှာ မူတည်နေပါတယ်။

“SEC ရဲ့စွပ်စွဲချက်များဟာ ဘာတွေအပေါ်မှာ အတိအကျ အခြေခံတာလဲဆိုတာကို ကျွန်တော်တို့ မသိရသေးပါဘူး၊ အဲ့တော့ ဒီလို စွပ်စွဲချက်များဟာ အခြားကုမ္ပဏီများအပေါ် အကျိုးသက်ရောက်မှု ဘယ်လောက်အထိ ရှိနိုင်မလဲဆိုတာနဲ့ပတ်သက်‌ပြီး မသိနိုင်ပါဘူး” ဟု Lansing က ပြောပါတယ်။

Sussex University တွင် ဘဏ္ဍာရေးဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်တဲ့ Carol Alexander ရဲ့ ပြောဆိုချက်အရ အမေရိကန်နိုင်ငံက ဥပဒေရေးဆွဲသူများရဲ့‌ လုပ်ရပ်ဟာ “stablecoins များထက် Binance ကို ပစ်မှတ်နေတာ” လို့ပြောပါတယ်။

USDC ကို ထုတ်ပေးသော Tether နှင့် Circle တို့ဟာ အမေရိကန်အစိုးရနဲ့ အနီးကပ်ဆက်ဆံရေးရှိသော ကုမ္ပဏီများဖြစ်ကြတယ်လို့ Carol Alexander က ပြောပါတယ်။ Circle ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Jeremy Allaire ကတော့ stablecoins နဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများ ပိုထုတ်ရန် ဆော်ဩလိုက်ပါတယ်။

Alexander ကတော့ “Binance ဟာ ငွေကြေးခဝါချမှု ကနေ securities ဥပဒေများကို ချိုးဖောက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာရှိ မူဝါဒရေးဆွဲသူများကို ပိုမိုစိုးရိမ်လာစေတယ်။ SEC က BUSD ကို ပစ်မှတ်ထားရတဲ့အကြောင်းအရင်းတွင် အဲ့တာလည်းပါနိုင်တယ်” ဟု ပြောပါတယ်။

တရားမျှတရေးဌာနကတော့ Binance ကို ဖြစ်နိုင်ခြေရှိသော ငွေကြေးခဝါချမှုနှင် ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်မှုတို့အတွက် စစ်ဆေးနေကြောင်း ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့နှစ်တွင် ရေးသားခဲ့ပါတယ်။ Bloomberg ရဲ့ ၂၀၂၁ တွင် ရေးသားချက်အရလည်း အမေရိကန်အစိုးရ တာဝန်ရှိသူများဟာ အကယ်၍ Binance က ဝန်ထမ်းများဟာ insider trading တွင် ပါဝင်မှု ရှိမရှိကို စစ်ဆေးနေကြောင်း ပြောပါတယ်။


🟡 nativ ရဲ့ ထင်မြင်ချက်

မိတ်ဆွေတို့ရော ဘယ်လိုထင်ပါသလဲ? BUSD ဟာ အသုံးပြုရန် လုံခြုံတယ်လို့ ထင်ပါသလားခင်ဗျာ? လူတိုင်း ဘယ်လိုထင်သလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကတော့ စိတ်ဝင်စားနေပါတယ်။

BSC တွင် လွှဲပြောင်းခ ၀ သာရှိတဲ့ BUSD လိုပဲ အခြား လွှဲပြောင်းခ သုံးည (အခမဲ့) သာရှိသော platform ကို စတင်ရှာဖွေနေသူများအတွက်တော့ USDT နှင့် USDC နှစ်ခုလုံးကို အခြားသော native users များထံ လွှဲခပေးစရာ မလိုပဲ လွှဲလို့ရတယ်ဆိုတာကို သိပါသလား? ကိုယ်တိုင် လေ့လာရန် အခုပဲ download လုပ်လိုက်ပါခင်ဗျာ။

🟣 nativ

Apple Store: https://apple.co/41RFshp 

Play store: https://bit.ly/nativplaystore 

Website: https://bit.ly/nativ_me

Twitter: https://bit.ly/nativTwitter 

Facebook: https://bit.ly/nativFacebook 

Instagram: https://bit.ly/nativInstagram 

Discord: https://bit.ly/nativDiscord 


🟡 PubBit Myanmar

Facebook: https://www.facebook.com/PubBit.MM 

Telegram Channel: https://bit.ly/pubbitMMChannel 

Telegram Group Chat: https://bit.ly/pubbitMMGroup 

PubBit Myanmar logo
Subscribe to PubBit Myanmar and never miss a post.
#cryptocurrency#regulation#busd#binance
  • Loading comments...