🟡 PubBit 21.02.2023

ဒီနေ့မှာတော မင်မင်တို့က Crypto Airdrops များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ အသေးစိတ်ကို အောက်မှာဖတ်ပေးပါခင်ဗျာ👇🏻

Telegram channel လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMChannel  

Telegram Group လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMGroup

ဒီပိုစ့်ကိုစပွန်ဆာထားတာကတော့ NATIV ကပဲဖြစ်ပါတယ်ခင်ဗျာ

မင်မင်တို့ကိုSponsor ပေးထားတဲ့ NATIV အကြောင်းပိုပြီးသိရှိစေရန်နှင့် Beta Tester ဖစ်လာဖို့ဆိုရင်

Click 👉👉👉 - https://bit.ly/nativmmparagraph

ပိုက်ဆံရဖို့အတွက် coin တိုင်းကို ဝယ်ရန် မလိုအပ်ပါဘူး။ 

Token airdrops များကြောင့် ဒေါ်လာထောင်ချီရရှိသောသူများလည်းရှိပါတယ်။

💁🏽💁🏽💁🏽Airdrops ဆိုတာ ဘာလဲ?

Cryptocurrency Airdrop ဆိုတာ marketing ဗျူဟာတစ်ခုဖြစ်ပြီး coins သို့မဟုတ် tokens များကို wallet address ထဲသို့ ပေးပို့ခြင်းဖြစ်ပါတယ်။ Virtual Currency ပမာဏအသစ်ကို Blockchain Community ထဲက Active members များ၏ wallet ထဲသို့ ဝန်ဆောင်မှုအခမဲ့ ပို့ပေးပြီး ထိုဝန်ဆောင်မှုကတော့ ကုမ္ပဏီက ပေးပို့ထားသော Currency ပို့စ်ကို ပြန်လည် retweet လုပ်ပေးခြင်းပဲဖြစ်ပါတယ်။ Crypto airdrop များ၏ အဓိက ရည်မှန်းချက်ကတော့ token သို့မဟုတ် coin လည်ပတ်အသစ်မှုကို  အသိပေးရန် promote လုပ်ခြင်းပဲဖြစ်ပါတယ်။

👉👉👉Airdrops အမျိုးအစားများ

User အနေနဲ့က ဘာမှထွေထွေထူးထူး လုပ်ရန် မလိုပါဘူး၊ platform မှာ register လုပ်ပြီး  smart contract နဲ့ interact လုပ်ရန်သာ လိုအပ်ပါတယ်။

User အနေနဲ့ bounties လုပ်ခြင်းဖြင့် ဆုငွေရရှိမည်ဖြစ်ပြီး project တစ်ခုကနေ token ဆုမရခင် အဆင့်ဆင့်ကို ပြည့်စုံစွာ လုပ်ပေးရမည်ဖြစ်ပါတယ်။

🙀🙀🙀ဘာကြောင့် အခမဲ့ token များကို ပေးတာလဲ?

1)လုပ်ငန်းကို Telegram နှင့် လူမှုကွန်ရက်ပေါ်တွင် ကြော်ငြာလိုခြင်း

2)Followers ပိုများရန်နှင့် လူသိများရန်ဖြစ်ခြင်း

3)Tokens များကို အသုံးပြုသူများနှင့် wallets များထံ ဖြန့်ဝေရန်ဖြစ်ခြင်း

4)Token ပြန့်ပွားရန်နှင့် အသုံးပြုမှုများ တိုးတက်စေရန်ဖြစ်ခြင်း

5)သူတို့ရဲ့ project ကို သင်နှစ်သက်လာစေရန်ဖြစ်ခြင်း

👆🏼👆🏼👆🏼Cryptocurrency Airdrops များ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ

✅✅✅ကောင်းကျိုးများ

Cryptocurrency startups များအကြား အလွန်ပြင်းထန်သော ယှဉ်ပြိုင်မှုများကြောင့် airdrop ဟာ လုပ်ငန်းများအကြား ထူးခြားလိုသော ရည်ရွယ်ချက်ဖြင့် လုပ်ခြင်းဖြစ်ပါတယ်။ တစ်ချို့သော လုပ်ငန်းများဟာ crypto airdrop offer များကိုသာ အသုံးပြုသူများတွက် အလေးထားလုပ်ဆောင်လာကြပြီး startups များတွက် ဝန်ဆောင်မှုများပေးခြင်းအပြင် သူတို့ရဲ့ airdrops များကောင်းမွန်စွာ ထိုးဖောက်နိုင်ရန် အခြားသော ကြော်ငြာများစွာကိုလည်း လုပ်ဆောင်ပါတယ်။ ဖြစ်မြဲအတိုင်းပဲ ဒီကဏ္ဍမှာလည်း ကောင်းတဲ့ အချက်နှင့် မကောင်းသော အချက်များလည်း ရှိပါတယ်။

CoinDesk အကြံပေးဘုတ်အဖွဲ့ ၏ ဥက္ကဌဖြစ်တဲ့ Michael J. Casey နှင့် MIT ၏ blockchain research initiative က အကြံပေးတို့ဟာ CoinDesk blog ပို့စ်ပေါ်တွင် cryptocurrency ဟာ အောင်မြင်မည်ဆိုပါက ကြော်ငြာလုပ်ခြင်းဟာ အရေးကြီးကြောင်းဆိုတာနဲ့ပတ်သက်ပြီး ငြင်းခုံခဲ့ကြပါတယ်။ “ Cryptocurrency ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြု ရင်အလကားပဲ။ ပြီးတော့ ကျယ်ပြန့်စွာ အသုံးပြုလာရန် လူတွေက အခကြေးငွေနဲ့ အသုံးပြုမှုမရှိပါက ဒါကလည်း အလုပ်ဖြစ်မှာမဟုတ်ဘူး” ဟု သူက ရေးသားခဲ့ပါတယ်။

❌❌❌ဆိုးကျိုးများ

Crypto airdrop နဲ့ပတ်သက်ပြီး သတိထားရမည့် အချက်များစွာလည်း ရှိပါတယ်။ အရေးကြီးဆုံး စိုးရိမ်စရာကတော့ network လုံခြုံရေးဖြစ်ပြီး အထူးသဖြင့် airdrops များကို redeem လုပ်နိုင်သော သဘောသဘာဝဖြင့် မြင်ရတက်ပါတယ်။ ဥပမာအားဖြင့် တစ်ချို့သော airdrops ဟာ suspicious websites ကို User များ၏ wallet နဲ့ ချိတ်ဆက်ရမည်ဖြစ်သောကြောင့် ဖြစ်ပါတယ်။ web3 သို့ ချိတ်ဆက်မှုလုပ်ဆောင်ပြီးနောက်မှာတော့ User ၏ keys နှင့် password များကို သူတို့ဟာ ခိုးလို့ ရရှိနိုင်လောက်ပြီဖြစ်ပါတယ်။ 

Crypto airdrop များဟာ တရားဝင်သော project များဖြစ်ချင်မှ ဖြစ်နိုင်ပါတယ်။ အလကားငွေ ရမယ့် ဆွဲဆောင်မှုကြောင့် တစ်ချို့သော projects များဟာ stakeholders များကို token များ တိုးဝယ်ခြင်းဖြင့် airdrop တိုးပေးမယ်ဟု ဆွဲဆောင်တက်ပါတယ်။ သို့သော်လည်း ရေရှည်ရည်မှန်းချက်ကတော့ များပြားသော token များကို စျေးကွက်ထဲသို့ တစ်ချိန်တည်း ဖြန့်ဝေပြီး စျေးနှုန်းကို ကျဆင်းစေရန်နှင့် airdrop များကို တန်ဖိုးမဲ့စေရန် rug pull investors များကို ပစ်မှတ်ထားခြင်းလည်းဖြစ်နိုင်ပါတယ်။

တစ်ချို့ကတော့ airdrop များကို အရည်အသွေးမကောင်းသော project ဟုလည်း မြင့်တက်ပါတယ်။ တစ်ချို့ကတော့ ဆုငွေ ရရှိသော miners သို့မဟုတ် project တစ်ခုအတွက် ကြီးမားသော ပါဝင်မှုမရှိပဲ အခမဲ့ token များ ရရှိနိုင်သော network များကို ပိုပြီး စိတ်ဝင်စားနိုင်ပါတယ်။

နောက်ဆုံးအချက်ကတော့ airdrop များဟာ ငွေပေါ်လွယ်မှုတွင် အားနည်းသောကြောင့် open exchange တွင် ကုန်သွယ်မှု မလုပ်နိုင်ပါက airdrop များဟာ တန်ဖိုးမဲ့သော အရာဖြစ်လာနိုင်ပါတယ်။ သက်တမ်းနုသေးသော Project ဖြစ်သောကြောင့် airdrop ဟာ ဒေါ်လာထောင်ချီတန်ဖိုးရှိကြောင်း ဆိုကောင်းဆိုနိုင်ပါတယ်။ သို့သော်လည်း airdrop token များကို openly trade လုပ်နိုင်ခြင်းမရှိပါက wallet holders များကို အခမဲ့ပေးသော လက်ဆောင်များဟာ တန်ဖိုးမဲ့သွားနိုင်ပါတယ်။

Crypto Airdrops

✅ကောင်းကျိုး

ကောင်းကျိုးအနေနဲ့ကတော့ အစောဆုံးအသုံးပြုသူများနှင့် ပရောဂျက်တွင် အစုရှယ်ယာပါဝင်သည့်လူများ  ဆုကြေးများကို ပေးပါတယ်။ဒါ့အပြင် Airdrop ၏ ကြော်ငြာကဏ္ဍကြောင့် project ကို လူအများစိတ်ဝင်စားမှု မြင့်တက်စေပါတယ်။အသစ်လုပ်ထားသော token အသုံးပြုမှုများကို လူသိများစေပါတယ်။Open market တွင်လည်း သဘာဝအတိုင်း ဖြစ်လာနိုင်ခြေမရှိသော နည်းဖြင့် token များကို holders များအကြားဖြန့်ဝေပေးနိုင်ပါတယ်။

❌ဆိုးကျိုးများ

ဆိုးကျိုးများအနေနဲ့ကတော့

Wallet holders များဟာ airdrop ရယူနိုင်ရန် သူတို့၏ wallet များကို suspicious sites များသို့ ချိတ်ဆက်ရမည်ဆိုပါက လုံခြုံရေးစိန်ခေါ်မှုများ ရှိနိုင်ပါတယ်။Pump-and-dump လို့ခေါ်တဲ့ “လိုတာယူပြီး ပစ်ထားခြင်း”  လိမ်ညာမှုလည်း ဖြစ်နိုင်ပါတယ်။ရင်းနှီးမြှုပ်နှံသူများဟာ token ကို ဖြန့်ချီရန် အခြားသောနည်းလမ်းကိုသာ အသုံးပြုချင်ပါက သူတို့ကို ပါဝင်မှုကနေ တားဆီးစေနိုင်ပါတယ်။Token ဟာ exchange တွင် ငွေပေါ်လွယ်မရှိပါက တန်ဖိုးမဲ့သွားနိုင်ပါတယ်။

Airdrop Token များ ရရှိရန် ဘယ်လောက်ကြာကြာ စောင့်ဆိုင်းသင့်ပါသလဲ?

Airdrop Token များနဲ့ပတ်သက်ပြီး စိတ်ရှည်ခြင်းဖို့လိုပါတယ်။

ဖြန့်ချီသောအချိန်ဟာ project များအပေါ် မူတည်ပြီး ကွဲပြားတက်ပါတယ်၊ တစ်ချို့ကတော့ သင့်ရဲ့ wallet ထဲကို ၃ လ အတွင်း ရောက်လာနိုင်ပြီး၊ တစ်ချို့ကတော့ Public Sale ပြီးဆုံးချိန်အထိ စောင့်ဆိုင်းရန် တောင်းဆိုနိုင်ပြီး တစ်နှစ်ခန့်လည်း ကြာမြင့်နိုင်ပါတယ်။

ဥပမာတစ်ခုကို လေ့လာကြည့်ရအောင်။

🌟🌟🌟Uniswap

၂၀၂၀ စက်တင်ဘာလတွင် Uniswap Labs တွင် များပြားလှသော airdrop ရှိခဲ့ပါတယ်။

အသုံးပြုသူများအတွက် tokens ၁၅၀ သန်းခန့်ကို ထုတ်ပေးခဲ့ပါတယ်။ ၄၀၀ UNI Token ကို ရရှိရန် တစ်ခုတည်းသော လိုအပ်ချက်ကတော့ ၂၀၂၀ စက်တင်ဘာလ ၁ ရက်နေ့မတိုင်ခင် Uniswap ကိုအသုံးပြုသောသူဖြစ်ရန်သာ  လိုအပ်ပါတယ်။ ထိုအချိန်တွင် ဆုကြေးငွေဟာ ကန်ဒေါ်လာ ၂၅၀၀ ခန့် တန်ဖိုးရှိခဲ့ပါတယ်။

သို့သော်လည်း တန်ဖိုးအမြင့်ဆုံးသို့ ရောက်သည်အထိ သိမ်းဆည်းထားနိုင်ပါက ကန်ဒေါ်လာ ၁၆၀၀၀ အထိ အကျိုးအမြတ် ရရှိစေနိုင်ပါတယ်။

ဆိုတော့ ဒါဟာ စီးပွားဖြစ်သော airdrop ဖြစ်ပါတယ်။ဒါပေမယ့် နောက်ထပ်ရှိပါသေးတယ်။

Network တွင် ငွေပေါ်လွယ်မှုကို ပံ့ပိုးပေးသော အသုံးပြုသူများဟာ ရာထောင်နဲ့ချီသော token များထဲက ဆုကြေးကို ရရှိခဲ့ကြပါတယ်။

သူတို့ဟာ ညတွင်းချင် မီလီယံနာများဖြစ်လာတယ်လို့ ပြောလို့ရပါတယ်။

🔆🔆🔆Dydx

Decentralized exchange ဟာ ၂၀၂၀ ဩဂုတ်လ ၃ ရက်နေ့တွင် airdrop ကို unlocked လုပ်ခဲ့ပါတယ်။ အခြားသော airdrop များလိုပဲ အသုံးပြုသူများဟာ token များကို unlocked လုပ်ခဲ့သော နေ့ကစပြီး ပေးခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ User  များဟာ အခြေခံကျသော သတ်မှတ်ချက်များကိုသာ လုပ်ဆောင်ရန် လိုအပ်ပါတယ်၊ အဲ့တာကတော့ Dydx တွင် အနည်းဆုံး ကန်ဒေါ်လာ ၁ ဒေါ်လာအသုံးပြုပီး trading လုပ်ရမည်ဖြစ်ပါတယ်။ project တွင် interact လုပ်ရန် အလွန်အရေးကြီးနေပြီး sign in သာ လုပ်ပြီး airdrop အတွက် သက်သက် စောင့်ဆိုင်းနေခြင်း မဟုတ်ပါဘူး။ ကုန်သွယ်ရေး ပမာဏအပေါ် မူတည်ပြီး token ၁၀၀၀၀ အထိလည်း ရပိုင်ခွင့်ပေးထားပါတယ်။ User အနေနဲ့ ရရှိနိုင်သော အနည်းဆုံးပမာဏကတော့ ၃၁၀ ဖြစ်ပြီး စတင်ဖြန့်ချီချိန်တွင် ကန်ဒေါ်လာ ၅၀၀၀ ခန့် တန်ဖိုးရှိခဲ့ပါတယ်။ ပျမ်းမျှ အသုံးပြုသူ တစ်ယောက်ဟာ ၁၀၀၀ dydx ခန့် ရရှိခဲ့ပြီး ကန်ဒေါ်လာ ၂၅၀၀၀ ကျော် တန်ဖိုးရှိပါတယ်။ စဉ်းစားကြည့်ပါက အံ့ဩစရာလည်း ကောင်းပါတယ်။

👉👉👉နောက်ဆုံးသုံးသပ်ချက်

Crypto airdrop များဟာ ကုမ္ပဏီနှင့် projects များအတွက် သူတို့၏ token သို့မဟုတ် coin များကို လူသိများလာစေရန် အသုံးပြုသော နည်းများဖြစ်ပါတယ်။ wallet ထောင်ပေါင်းများစွာကို ဖြန့်ဝေပေးခြင်းဖြင့် ငွေပေါ်လွယ်မှုကို တိုးလာစေသော နည်းတစ်ခုလည်းဖြစ်ပါတယ်။ airdrop များဟာ တန်ဖိုးရှိသော်လည်း အခမဲ့ငွေလို့လည်း သတ်မှတ်နိုင်ပါတယ်၊ crypto airdrops နဲ့ပတ်သက်သော scam များကို အသုံးပြုသူများ သတိမထားမိပါက ကြီးမားသော အန္တရာယ်လည်းရှိပါတယ်။

PubBit Myanmar logo
Subscribe to PubBit Myanmar and never miss a post.
#pubbit #airdrops#cryptocurrency