🟡 PubBit Chapter 11 Bankruptcy

ဒီနေ့မှာတော့ Chapter 11 ဒေဝါလီခံခြင်းအကြောင်းကိုပြောပြသွားမှာဖစ်ပါတယ် ။စိတ်ဝင်စားဖို့ကောင်းလို့သေချာဖတ်ကြည့်ပါဦးနော် ။ 👇🏻

Telegram channel လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMChannel  

Telegram Group လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMGroup

ဒီပိုစ့်ကိုစပွန်ဆာထားတာကတော့ NATIV ကပဲဖြစ်ပါတယ်ရှင့်

ညီမတို့ကို sponsor ပေးထားတဲ့ NATIV အကြောင်းပိုပြီးသိရှိစေရန်နှင့် Beta Tester ဖစ်လာဖို့ဆိုရင်

Click 👉👉👉 - https://bit.ly/nativmmparagraph

၂၀၂၂ ခုနှစ်ဟာ crypto လုပ်ငန်းများအတွက် အလွန်ခက်ခဲသော နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ bitcoin တန်ဖိုးကလည်း နှစ်စပိုင်းကတည်းက ၆၅ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပါတယ်၊ Cryptocurrency Luna ကတော့ လုံးဝကို တန်ဖိုးမဲ့သွားခဲ့ပြီး crypto exchange ကုမ္ပဏီတစ်ခုဖြစ်တဲ့ FTX ကလည်း Super Bowl ကြော်ငြာများကို ဝယ်ယူခဲ့သော အခြေအနေကနေ chapter 11 ဒေဝါဒီခံရသည်အထိ ဖြစ်လာခဲ့ပါတယ်။

Chapter 11 ဒေဝါလီခံခြင်းဆိုတာ ဘာလဲ?

Chapter 11 ဒေဝါလီခံခြင်းဆိုတာ သာမန်အားဖြင့် “ပြန်လည်ဖွဲ့စည်းခြင်း” အတွက် ဒေဝါလီခံခြင်း ကိုဆိုလိုပါတယ်။ Crypto တွင် ရင်းနှီးမြှုပ်နှံသူများအနေနဲ့ Chapter 11 ဒေဝါလီခံခြင်းဟာ ဘာလဲ ဆိုတာကို သိရှိရန် လိုအပ်နေပြီး ဒါဟာ သူတို့ကို ဘယ်လို ထိခိုက်နစ်နာစေသလဲဆိုတာကိုလည်း နားလည်ရန် လိုအပ်ပါတယ်။

Chapter 11 နှင့် Chapter 7 ဒေဝါလီခံခြင်း

Chapter 11 နှင့် Chapter 7 ဒေဝါလီခံခြင်းတို့ဟာ တူညီသော လက္ခဏာများရှိတယ်လို့ ထင်ရတက်ပါတယ်၊ ဒါပေမယ့် သူတို့ဟာ အလွန်ခြားနားပါတယ်။ တစ်ခုမှာတော့ assets များကို စာရင်းရှင်းဖျက်သိမ်းခြင်း ပါဝင်ပြီး နောက်တစ်ခုမှာတော့ ကြွေးမြီများကို ပြန်လည်ဖွဲ့စည်းခြင်းပါဝင်ပါတယ်။ ကုမ္ပဏီတစ်ခုဟာ ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းနဲ့ ရင်ဆိုင်လာပါက ဒေဝါလီခံခြင်း အမျိုးအစားများအတွင်း ရွေးချယ်မှု လုပ်ရပါတယ်။ Chapter 11 နှင့် Chapter 7 တို့ကတော့ အသုံးပြုမှု အများဆုံး အမျိုးအစားများဖြစ်ပါတယ်။ 

Chapter 7 ကို အများအားဖြင့် စာရင်းရှင်းဖျက်သိမ်းဒေဝါလီခံခြင်းလို့ ခေါ်ဆိုကြပါတယ်၊ ဒီမှာတော့ စီးပွားရေးလုပ်ငန်းများဟာ ပြန်လည်ဖွဲ့စည်းခြင်းအတွက် မူလအဆင့်ကို ကျော်လွန်သွားပြီဖြစ်သောကြောင့် သူတို့၏ ပိုင်ဆိုင်မှုများကို ရောင်းချရန် ပြင်ဆင်ကြပါတယ်။ သာမန်အားဖြင့် ဒေဝါလီခံခြင်းဆိုင်ရာ တရားရုံးဟာ ဂေါပကများကို ရွေးချယ်လေ့ရှိပြီး ထိုဂေါပကများဟာ ချေးငှားသူများအားလုံး စနစ်တကျ ငွေပေးချေမှု ရရှိရန် ဆောင်ရွက်ကြပါတယ်၊ ဒီလို လုပ်ဆောင်ခြင်းများဟာ absolute property လို့ခေါ်တဲ့ အပြီးသတ်ပိုင်ဆိုင်မှု ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး ဆောင်ရွက်ကြပါတယ်။ ဥပမာအားဖြင့် လုံခြုံသောကြွေးမြီဟာ (secured debts) လုံခြုံမှုမရှိသောကြွေးမြီ (unsecured debts) ထက် ဦးစားပေးခံရပါတယ်။ ထို့ကြောင့် လုံခြုံသောကြွေးမြီများကို အရင်ဆုံး စာရင်းရှင်းကြပါတယ်။ ကြွေးမြီများကို ပေးဆပ်ပြီးနောက်၊ ကျန်ရှိနေသော ငွေနှင့် ပိုင်ဆိုင်မှုများကို လုံခြုံမှုမရှိသောကြွေးမြီ ချေးငှားသူများအကြား ခွဲဝေကြပါတယ်။

တစ်ဖက်မှာလည်း Chapter 11 ဒေဝါလီခံခြင်းဟာ လုပ်ငန်းတစ်ခုကို ပြန်လည်ဖွဲ့စည်းရန်လည်း ရည်ရွယ် လုပ်ဆောင်ကြပါတယ်။ ဒါဟာ အလွန်ရှုပ်ထွေးသော ဒေဝါလီခံခြင်းအမျိုးအစားဖြစ်ပါတယ်။ Chapter 11 အတွက် လျှောက်တင်ခြင်းဟာ ကုန်ကျစရိတ်လည်း အလွန်များပါတယ်၊ သို့သော်လည်း လုပ်ငန်းတစ်ခုဟာ ပြန်လည်ဖွဲ့စည်းခြင်း ကာလအတွင်း တရားရုံးကို မကြာခဏ သွားရမည်ဖြစ်ပါတယ်။ Chapter 7 နဲ့မတူသော အချက်ကတော့ Chapter 11 ဒေဝါလီခံခြင်းဟာ ကုမ္ပဏီကို ၎င်း၏ ကြွေးမြီများ ပြန်လည်ဖွဲ့စည်းခွင့်ပေးထားပြီး ပိုမိုကျစ်လစ်မှုရှိသော လုပ်ငန်းအဖြစ် ပြန်လည်ဖွဲ့စည်းခွင့်ပေးထားပါတယ်။

ဒေဝါလီခံခြင်းဆိုင်ရာကြွေးမြီနှင့်လျှောက်တင်ခြင်း

Chapter 11 ဒေဝါလီခံလိုသော ကုမ္ပဏီများဟာ တရားရုံးကြားနာမှုကို တောင်းဆိုရမည်ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွင် ချေးငှားသူဟာ ကုမ္ပဏီတည်ငြိမ်မှုအတွက် လုပ်ငန်းကို ဆက်လက်လည်ပတ်စေရမည်ဖြစ်ပါတယ်။ ထိုကဲ့သို့ ထည်ငြိမ်မှုအတွက် ကြိုးပမ်းချက်များတွင် ပိုင်ဆိုင်မှုများကို ရောင်းချခြင်း၊ အသုံးစရိတ်များကို လျှော့ချခြင်း နှင့် မြီးရှင်များနဲ့ စေ့စပ်ညှိနှိုင်းခြင်းတို့ ပါဝင်ပါတယ်။ ဒီလိုဆောင်ရွက်ချက်များအားလုံးကို တရားရုံး၏ ကွက်ကဲမှုအောက်တွင် လုပ်ရမည်ဖြစ်ပါတယ်။

ကြွေးမြီပြဿနာကို Chapter 11 ဒေဝါလီခံခြင်းဖြင့် မဖြေရှင်းနိုင်ပါက ကြွေးမြီစည်းမျဉ်းစည်းကမ်းများကို ပြန်လည် ပြင်ဆင်ရမည်ဖြစ်ပါတယ်။ ချေးငှားသူဟာ အနာဂတ်ဝင်ငွေများကို အသုံးပြုပြီး မြီးရှင်များကို အကြွေးဆပ်ရမည်ဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုဟာ Chapter 11 ဒေဝါလီခံခြင်းကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ပါက ကုမ္ပဏီဟာ အသစ်ရေးဆွဲထားသော ကြွေးမြီစနစ်နဲ့ လည်ပတ်ပါတယ်။ သို့သော်လည်း Chapter 11  ဖြင့် မဖြေရှင်းနိုင်ပါက ကုမ္ပဏီဟာ Chapter 7 ဒေဝါလီခံခြင်းကို လျှောက်တင်ရပါတယ်၊ ထို့နောက် ကုမ္ပဏီဟာ သူ့ရဲ့ပိုင်ဆိုင်မှုများကို ရောင်းချပြီး ကြွေးမြီဆပ်ပါတယ်။

Chapter 11 နှင့် Chapter 13 ဒေဝါလီခံခြင်း ခြားနားမှုများကို လေ့လာကြည့်ရအောင်

Chapter 11 နှင့် Chapter 13 ဒေဝါလီခံခြင်း

Chapter 11 နှင့် Chapter 13 ဒေဝါလီခံခြင်းအကြား အခြေခံခြားနားချက်များရှိပါတယ်။ Chapter 13 ဒေဝါလီခံခြင်းတွင် ကြွေးမြီများကို ၃ နှစ်ကနေ ၅ နှစ်အတွင်း ပေးဆပ်ရမည်ဆိုတဲ့ အစီအစဉ်ပါဝင်ပါတယ်။ အများအားဖြင့် ချေးငှားသူများဟာ ပိုင်ဆိုင်မှုတစ်ချို့ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။ Chapter 13 ဒေဝါလီခံသူများဟာ သာမန်အားဖြင့် ဂေါပကအဖွဲ့ဝင်များကို ကြွေးမြီ လစဉ်ပေးလေ့ရှိပြီး ထိုမှတစ်ဆင့် ဂေါပကအဖွဲ့ဟာ မြီးရှင်များကို ပြန်ခွဲဝေပေးပါတယ်။

Chapter 13 ဒေဝါလီခံခြင်းအတွက် ဂေါပကအဖွဲ့များ လိုအပ်ပါတယ်။ သို့သော်လည်း Chapter 11 ဒေဝါလီခံခြင်းတွင် ဒါကို ရွေးချယ်ပိုင်ခွင့်ပေးထားပြီး အများအားဖြင့် ဂေါပကအဖွဲ့ဝင်များ လိုအပ်လေ့မရှိပါဘူး။ ဂေါပကအဖွဲ့ဝင်များဟာ ဒေဝါလီခံမှုအတွက် လျှောက်ထားခြင်ကို ပြန်လည်ဆန်းစစ်လေ့ရှိပြီး တရားရုံးသို့ အကြံပြုချက်များပေးပြီး မြီးရှင်များကို ငွေပေးချေမှု ဝေမျှပေးပါတယ်။ Chapter 11 ဒေဝါလီခံခြင်းဟာ အများအားဖြင့် အချိန်ကြာမြင့်တက်ပြီး အဆုံးသတ်ရန် နှစ်အတန်ကြာ ကြာတက်ပါတယ်။ သို့သော်လည်း ကြွေးမြီများ ပြန်လည်ပေးဆပ်သောကာလတွင် မြီးရှင်များထံပေးအပ်ရန် ဝင်ငွေအားလုံး ဂေါပကအဖွဲ့ဝင်များကို ပေးရမည်ဖြစ်ပါတယ်။

Chapter 11 ဒေဝါလီခံရန်အတွက် လျှောက်ချိန်တွင် ဘာတွေလိုအပ်ပါသလဲ?

Chapter 11 ဒေဝါလီခံခြင်းအားလုံးဟာ တရားရုံးကြားနာမှုနဲ့ စတင်ပါတယ်။ Chapter 11 ဒေဝါလီခံခြင်းအတွက် ခွင့်ပြုချက် ရယူရန် မြီးရှင်များဟာ ယခင်က ဒေဝါလီခံခြင်းနဲ့ပတ်သက်ပြီး တရားရုံး၏ “non-compliant” မရှိခဲ့ဖူးသောသူများ ဖြစ်ရမည်ဖြစ်ပါတယ်။ ဒေဝါလီခံရန် လျှောက်ချိန်တွင် မြီးရှင်များဟာ ဝင်ငွေနှင့် အသုံးစရိတ်များကိုလည်း တင်ပြရမည်ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုဟာ ပိုင်ဆိုင်မှု၊ liabilities ၊ သက်တမ်းမကုန်သေးသော ငှားရမ်းမှုများနှင့် မပြီးစီးသေးသော ကန်ထရိုက် အစရှိသော စာရင်းများကိုလည်း တင်ပြရမည်ဖြစ်ပါတယ်။ မြီးရှင်များဟာ ဒေဝါလီခံရန် အသနားစာ တင်ပြီးနောက် ကုမ္ပဏီဟာ “debtor in possession” လို့ခေါ်တဲ့ အသွင်ကို ယူရမည်ဖြစ်ပါတယ်၊ ဆိုလိုတာက ကုမ္ပဏီဟာ ပြန်လည်ဖွဲ့စည်းခြင်းကာလအတွင်း လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ ကိုင်တွယ်ခွင့်ကို ပြန်လည် ရရှိမည်ဖြစ်ပါတယ်။

အသနားခံစာတင်ခြင်းတွင် အောက်ပါအချက်အလက်များ ပါဝင်ပါတယ်

1.အခွန်ထမ်းမှတ်ပုံတင်အမှတ်

2.နေရပ်လိပ်စာ

3.ပိုင်ဆိုင်မှုများဧ။် တည်နေရာ

4.ပြန်လည်ဖွဲ့စည်းထားသော plan

တရားရုံးကြားနာမှု လျှောက်လွှာအတွက် ဒေါ်လာ ၁၁၆၇ နှင့် အုပ်ချုပ်ရေးခအဖြစ် ဒေါ်လာ ၅၀၀ ကို ဆောင်ရမည်ဖြစ်ပါတယ်။ ဒီငွေများကို တစ်ခါတည်း ပေးနိုင်သလို အရစ်ကျစနစ်နဲ့လည်း ပေးနိုင်ပါတယ်။ 

ကုမ္ပဏီဟာ တရားရုံးကို တင်ပြရမည့် ပြန်လည်ဖွဲ့စည်းခြင်းနှင့် ထုတ်ဖော်ကြေညာချက်အစီအစဉ်အတွက်လည်း လျှော်လွှာတင်ရမည်ဖြစ်ပါတယ်။ ပြန်လည်ဖွဲ့စည်းခြင်းတွင် ကြွေးမြီခွဲခြားခြင်းနှင့် ကြွေးမြီဆပ်မည့် အစီအစဉ်တစ်ခုခြင်းစီကိုလည်း ဖော်ပြရမည်ဖြစ်ပါတယ်။ အကယ်၍ မြီးရှင်များရပိုင်ခွင့် မတူညီကြပါက သူတို့ဟာ ပြန်လည်ဖွဲ့စည်းခြင်းကို မဲစနစ်ဖြင့် အတည်ပြု သို့မဟုတ် ပယ်ဖျက်ပိုင်ခွင့်ရှိပါတယ်။ မူလကြွေးမြီစည်းကမ်းများဟာ အပြုသဘောမဆောင်သောဘက်သို့ ပြောင်းလဲသွားပါက မြီးရှင်များ၏ ရပိုင်ခွင့်ဟာ မတူညီသော ရပိုင်ခွင့် (impaired claim) ဟု သတ်မှတ်ပါတယ်။ ဥပမာ အကြွေးဆပ်ကာလ အလွန်ကြာမြင့်ခြင်း သို့မဟုတ် အတိုးနှုန်းလျှော့လာခြင်းတို့ဖြစ်ပါတယ်။ 

ထုတ်ဖော်ကြေညာခြင်းနှင့် မြီးရှင်များ၏ လုပ်ပိုင်ခွင့်

Chapter 11 ဒေဝါလီခံခြင်းတွင် မြီးရှင်များ၏ ပိုင်ဆိုင်မှု၊ liabilities နှင့် စီးပွားရေးအရေးတို့ကို တရားရုံး၏ ထုတ်ဖော်ကြေညာချက်တွင် ဖော်ပြပါတယ်။ တရားရုံးဟာ ဒီထုတ်ပြန်ချက်ကို ပြန်လည်ဆန်းစစ်ပြီး မြီးရှင်များ၏ ပြန်လည်ဖွဲ့စည်းခြင်း အစီအစဉ်ကို အတည်ပြု သို့မဟုတ် ဖယ်ပျက်ရန် ကြားနာမှု လုပ်ရပါတယ်။ ထိုဖော်ထုတ်ကြေညာချက်ကို ရက်ပေါင်း ၁၂၀ အတွင်း တင်ရမည်ဖြစ်ပါတယ်(နောက်ထပ် ရက်ပေါင်း ၁၈၀ တိုးနိုင်)။ ဒေဝါလီခံရန် လျှောက်ချိန်တွင် အလိုအလျှောက်ရပ်တန့်ခြင်း သက်ရောက်မှု (automatic stay)ကို ကျင့်သုံးပြီး မြီးရှင်များဟာ တစ်ချို့သော ဆောင်ရွက်ချက်များကို ရပ်နားစေပိုင်ခွင့်ရှိပါတယ်။

ချေးငှားသူများဟာ တရားရုံးသို့ တင်ပြခြင်းကို တာဝန်ယူခြင်းနှင့် အစီရင်ခံခြင်းတိုကို တာဝန်ယူရမည်ဖြစ်ပြီး ဒီကိစ္စအတွက် လိုအပ်သော ရှေ့နေကိုလည်း ငှားရမ်းနိုင်ပါတယ်။ ချေးငှားသူများ၏ ဆောင်ရွက်ချက်များကို ကွက်ကဲရန် ဂေါပကအဖွဲ့ကိုလည်း ခန့်အပ်နိုင်ပြီး အစီရင်ခံခြင်းတွင် လိုအပ်သော အရာများကို လိုက်နာမှုရှိမရှိ စစ်ဆေးနိုင်ပါတယ်။ ချေးငှားသူများဟာ ဒီလို လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ပါက ဂေါပကအဖွဲ့ဟာ ဒီဒေဝါလီခံမှု Chapter 11 ကို ပယ်ဖျက်ရန် လျှောက်နိုင်ပါတယ် သို့မဟုတ် အခြားသော ဒေဝါလီခံခြင်းအခန်းသို့ ပြောင်းလဲပေးရန် လျှောက်နိုင်ပါတယ်။ ပြန်လည်ဖွဲ့စည်းခြင်း အစီအစဉ်တွင် မြီးရှင်များ၏ ရပိုင်ခွင့်ကို ခွဲခြားပြီး ပြန်လည်ပေးချေမှုကို ဦးစားပေးရပါတယ်၊ ထိုထဲတွင် လုံခြုံသော ကြွေးမြီများကို ထိပ်ဆုံးတွင် ဦးစားပေး ရမည်ဖြစ်ပါတယ်။

စီမံချက်နှင့် ပြန်လည်တည်ဆောက်ခြင်း

Chapter 11 ဒေဝါလီခံခြင်းတွင် ပြန်လည်ဖွဲ့စည်းခြင်း အစီအစဉ်ကို မြီးရှင်အများစုက ထောက်ခံရမည်ဖြစ်ပါတယ်။ ထိုထဲတွင် မြီးရှင်၃ ပုံ ၂ ပုံ သို့မဟုတ် ကြွေးမြီရပိုင်ခွင့်ရှိသူ ထက်ဝက်ရှိရမည်ဖြစ်ပြီး impaired claim ရှိသော မြီရှင်များလည်း ပါဝင်ပါတယ်။ ထိုအစီအစဉ်ဟာ ညီတူညီမျှရှိပြီး မည်သည့် မြီးရှင်ကိုမှ ခွဲခြားခြင်းမရှိရန် လိုပါတယ်။

အကယ်၍ ကန့်ကွက်မှု တစ်စုံတစ်ရာရှိခဲ့ပါက တရားရုံးက ဆုံးဖြတ်ပေးမည်ဖြစ်ပြီး ချေးငှားသူများ ကြွေးမြီကို ဘယ်လို ပေးဆပ်ရမလဲဆိုတာကို ဆုံးဖြတ်ပေးမည်ဖြစ်ပါတယ်။ သိုသော်လည်း ထိုကန့်ကွက်ချက်ကို တရားရုံးက လက်ခံခြင်းမရှိပါက အမှုကို Chapter 7 ဒေဝါလီခံခြင်းသို့ ပြောင်းလဲခြင်း သို့မဟုတ် အမှုကို ဖြတ်သိမ်းကာ စီးပွားရေးလုပ်ငန်းကို ဒေဝါလီခံရန် မလျှောက်ခင်က မူလပုံစံသို့ လည်ပတ်စေနိုင်ပါတယ်။ တစ်ချို့သော crypto လုပ်ငန်းများဟာ သူတို့၏ ပိုင်ဆိုင်မှုများကို ကာကွယ်နိုင်ရန် Chapter 11 ဒေဝါလီခံခြင်းကို လျှောက်ခဲ့ကြပါတယ်။

Crypto လုပ်ငန်းဟာ ဒေဝါလီခံရန် လျှောက်ပါက ရင်းနှီးမြှုပ်နှံသူများ ဘာတွေကြုံရမလဲ?

Crypto လုပ်ငန်းတစ်ခုဟာ crypto နဲ့ ပတ်သက်သော သို့မဟုတ် Bitcoin Chapter 11 ဒေဝါလီခံခြင်းအတွက် လျှောက်ထားပါက၊ သူတို့၏ stocks နှင့် bonds များဟာ exchange ပေါ်တွင် ဆက်လက် trade လုပ်နိုင်ပြီး သာမန်အတိုင်း လုပ်ငန်းကို ဆက်လက်လည်ပတ်ခွင့်ပေးထားပါတယ်။ Crypto နဲ့ပတ်သက်သော ဒေဝါလီခံရမယ့် လုပ်ငန်းများအားလုံး ၎င်း၏ ပြောင်းလဲမှုအတွက် SEC ကို အစီရင်ခံရမည်ဖြစ်ပါတယ်။ Chapter 11 ဒေဝါလီခံခြင်း အကာအကွယ်ယူမည့် ကြေညာချက်နဲ့အတူ ရှယ်ယာတန်ဖိုးများ ကျဆင်းလာမယ့် အန္တရာယ်လည်း ရှိပါတယ်။ Chapter 11 ဒေဝါလီခံမည့်အကြောင်း ကြေညာခြင်းဟာ မြီးရှင်များ ဆန္ဒအတိုင်း ပြန်လည်ဖွဲ့စည်းမယ့် အစီအစဉ်ရှိသော်လည်း ကုမ္ပဏီ၏ stock နှင့် bond ပြုတ်ကျစေနိုင်ပါတယ်။

ကံဆိုးစွာနဲ့ပဲ crypto ဒေဝါလီခံခြင်းတွင် ရင်းနှီးမြှုပ်နှံသူများဟာ ကာကွယ်မှု အနည်းဆုံး ရရှိသောအုပ်စုဖြစ်ပတယ်။ ထိန်းသိမ်းစောင့်ရှောက်ထားသော crypto assets များကို ဒီဝါလီခံသွားသော ကုမ္ပဏီ၏ ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါတယ်။ crypto ဆိုင်ရာ ဒေဝါလီခံခြင်းတွင် ပိုင်ဆိုင်မှုများကို ဒေဝါလီခံခြင်းတွင် အသုံးပြုပါတယ်။ တစ်နည်းပြောရရင် customers များဟာ လုံခြုံမှုမရှိသော မြီရှင်များ (unsecured creditors) အဖြစ်သတ်မှတ် ခံရနိုင်ပါတယ်။ ဒီ ရင်းနှီးမြှုပ်နှံသူများဟာ သူတို့၏ cryptocurrency ပြန်လည် ရရှိရန် အရင်းအမြစ် အနည်းငယ် သို့မဟုတ် လုံးဝမရှိသူများဖြစ်ပြီး သို့မဟုတ် ကုမ္ပဏီဟာ ဒေဝါလီခံသွားပါက ကျန်ငွေလည်း အနည်းငယ် မရှိသူများဖြစ်ပါတယ်။

သင်ခန်းစာ

မသေချာသော ကာလတွင် crypto လုပ်ငန်းများ ဒေဝါလီခံခြင်းဟာ ထူးခြားသော ကိစ္စတော့မဟုတ်ပါဘူး။ ဖြေရှင်းရန် မဖြစ်နိုင်တော့သော ပြဿနာနဲ့ရင်ဆိုင်ရတော့မည့် platform ၊ hedge funds နှင့် ကုမ္ပဏီတို့ဟာ ရင်းနှီးမြှုပ်နှံသူများကို စိုးရိမ်စေနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံသူများဟာ Chapter 11 ဒေဝါလီခံခြင်းဘာလဲ ဆိုတာကို နားလည်သော်လည်း crypto bankruptcy ဟာ သူတို့၏ ပိုင်ဆိုင်မှုကို ဘာတွေဖြစ်စေနိုင်သလဲဆိုတာကိုတော့ နားလည်ချင်မှ နားလည်မည်ဖြစ်ပါတယ်။ တစခါတစ်လေ ရင်းနှီးမြှုပ်နှံသူများဟာ သူတို့၏ digital asset ပြန်မရနိုင်လောက်အောင် လုံခြုံမှုမရှိသောချေးငှားသူများ (unsecured debtors) များ ဖြစ်လာတက်ပါတယ်။ Chapter 11 ဒေဝါလီခံခြင်း ဘာလဲဆိုတာကို နားလည်ထားခြင်းဟာ အားလုံးရဲ့ funds များ ပြန်ရချင်မှ ရစေမည်ဖြစ်ပါတယ်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများအနေနဲ့ အနာဂတ်အတွက် အသိညဏ်ကြွယ်ဝသောသူဖြစ်လာရန် ပိုမိုလေ့လာထားရန် လိုအပ်ပါတယ်။

PubBit Myanmar logo
Subscribe to PubBit Myanmar and never miss a post.
#pubbit#cryptocurrency#bankruptcy#chapter11
  • Loading comments...