🟡 PubBit Macro Trend 17.02.2023

ဒီနေ့အတွက် Macro Trend နှင့် ပက်သက်တဲ့ သတင်း ၆ပုဒ်ရှိပါတယ်ရှင့် ။ အောက်ပါ Link လေးထဲ ဝင်ဖတ်ပေးကြပါရှင့် 🌼🌼🌼

Telegram channel လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMChannel  

Telegram Group လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMGroup

ဒီပိုစ့်ကိုစပွန်ဆာထားတာကတော့ NATIV ကပဲဖြစ်ပါတယ်ရှင့်

ညီမတို့ကို sponsor ပေးထားတဲ့ NATIV အကြောင်းပိုပြီးသိရှိစေရန်နှင့် Beta Tester ဖစ်လာဖို့ဆိုရင်

Click 👉👉👉 - https://bit.ly/nativmmparagraph

1)🙋‍♀️🙋‍♀️🙋‍♀️အခြားနိုင်ငံများထက် 5G အသုံးပြုမှု အားကောင်းလာသော အိန္ဒိယနိုင်ငံ

အိန္ဒိယနိုင်ငံ၏ Digitalization အပေါ်တွင် အာရုံစိုက်မှုကြောင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အရှိန်မြှင့်တင်ပေးမည်ဖြစ်ပြီး စျေးကွက်ရှယ်ယာတန်ဖိုး စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေမည်ဖြစ်ပါတယ်။ Digitalization ကို တွန်းအားပေးနေသော အဓိက နည်းပညာများတွင် 5G ဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ 5G ဟာ AI ၊ IoT နှင့် အခြားသော Exponential Technologies များကို ချိတ်ဆက်ပေးမည်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းထုတ် 5G နည်းပညာကိုလည်း ၂၀၂၂ အောက်တိုဘာလကစပြီး အသုံးပြုနေပြီဖြစ်ကာ ထိုအချိန်ကစပြီး အရှိန်အဟုန်နဲ့ အားကောင်းလာခဲ့ပါတယ်။ Ericsson ရဲ့ CEO ဖြစ်တဲ့ Borje Ekholm ၏ ပြောဆိုချက်အရ အိန္ဒိယဟာ 5G ကွန်ရက်တည်ဆောက်မှုတွင် အမေရိကန်နှင့် ဥရောပနိုင်ငံများကို ကျော်တက်နေသောကြောင့် အိန္ဒိယနိုင်ငံ၏ 5G နည်းပညာလုပ်ငန်းတွင် တိုးတက်မှုအလားအကာကောင်းကို ပေးနေကြောင်း ဆိုပါတယ်။

လက်ရှိအချိန်အထိ ၅G ကွန်ရက်ဟာ နိုင်ငံ၏ စမတ်ဖုန်းအသုံးပြုသောသူ ၄၁ ရာခိုင်နှုန်းတွင် ၂၅ ရာခိုင်နှုန်းကို ဝန်ဆောင်မှုပေးနိုင်ပြီး Telecom operators များကလည်း တစ်ပတ်ကို 5G base station ပေါင်း ၂၅၀၀ ခန့်ကို တည်ဆောက်နေပါတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် Reliance Jio ဟာ တစ်နိုင်ငံလုံးတွင် 5G အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးနိုင်မည်ဟု ခန့်မှန်းထားပြီး Bharti Airtel ကတော့ ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံးကို 5G ဝန်ဆောင်မှုများ ပေးနိုင်မည်ဟု ခန့်မှန်းရပါတယ်။ အိန္ဒိယနိုင်ငံဟာ 5G connections ပေါင်း ၆၉၀ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းရပြီး ဒါဟာ တစ်နိုင်ငံလုံးရှိ မိုဘိုင်းဖုန်းအသုံးပြုပေါင်း ထက်ဝက်ကျော်ကို ကိုယ်စားပြုပါတယ်။ 5G စမတ်ဖုန်း တင်ပို့မှုကလည်း လည်း ဒီနှစ်အတွင်း 4G ဖုန်းအရေအတွက်ကို ကျော်တက်သွားလိမ့်မယ်လို့ ခန့်မှန်းရကြောင်း Counterpoint Research က ရေးသားဖော်ပြထာပါတယ်။

မကြာသေးခင်ကပဲ Economic Survey ၏ ရေးသားချက်အရ ၅G အသုံးပြုနိုင်မှုဟာ အိန္ဒိယနိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းအသစ်များကို သော့ဖွင့်ပေးနေကြောင်း အလေးထားရေးသားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ လာမယ့် ၂၀၂၅ ခုနှစ်တွင် ဂျီဒီပီ ဒေါ်လာ ၅ ထရီလီယံရောက်ရှိရန် 5G ကွန်ရက်ဟာ နိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးအတွက် အရေးပါကြောင်းကို နားလည်ထားပါတယ်။ ၅G ကွန်ရက် စတင်ခြင်းဟာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုကို အားပေးခြင်းနှင့် စီးပွားရေး နည်းလမ်းသစ်များ ဖန်တီးရာတွင် ဖိရိုးဖလာအတားအဆီးများကို ကျော်ဖြတ်ရာတွင် အရေးပါသော မှတ်တို်ငတစ်ခုဖြစ်လာခဲ့ပါတယ်။

မိုဘိုင်းဖုန်းကို ဦးစားပေးအသုံးပြုနေသော နိုင်ငံဖြစ်သောကြောင့် အင်တာနက်ကိုလည်း အခြေခံအားဖြင့် မိုဘိုင်းဖုန်းတွင် အသုံးပြုမှုများပါတယ်၊ 5G စတင်ခြင်းဟာ အိန္ဒိယနိုင်ငံ၏ စီးပွားရေးကို ဒီဂျစ်တယ်အသွင်းပြောင်းရာတွင် ကျောရိုးဖြစ်လာမည်ဖြစ်ပါတယ်။ မကြာသေးခင်က နှစ်များအတွင်း အိန္ဒိယနိုင်ငံက ကုန်ကျစရိတ်နည်းပါးသော 4G ကွန်ရက်ကြောင့် အင်တာနက်အသုံးပြုမှုကို ပြောင်းလဲလာစေခဲ့ပါတယ်။ ထို့ကြောင့် 5G ကွန်ရက်စတင်ခြင်းကြောင့် အင်တာနက်အသုံးပြုမှုကလည်း လာမယ့် ၂၀၂၈ ခုနှစ်တွင် ၂ ဆ တိုးလာစေရန် မျှော်မှန်းထားပြီး ကုမ္ပဏီများ၏ စွမ်းဆောင်ရည်ကိုလည်း တိုးစေရန် မျှော်လင့်ထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်တွင် မိုဘိုင်းဒေတာအင်တာနက် အသုံးပြုမှု အမြင့်မားရှိသော နိုင်ငံဖြစ်ပြီး လူတစ်ဦးလျှင် တစ်လကို ဒေတာ ၂၅ gigabytes အထိ အသုံးပြုပါတယ်၊ ၂၀၂၆ ခုနှစ်တွင် စမတ်ဖုန်း အသုံးပြုသူ ၁ ဘီလီယံကျော်လာမည်ဟု ခန့်မှန်းထားပြီး 5G ဟာ အိန္ဒိယနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကြီးကို ကမ်းလှမ်းထားပါတယ်။

အစိုးရကတော့ 5G အခြေခံအဆောက်အဦး လျှင်မြန်စွာ တည်ဆောက်မှုကို telecom ကွန်ရက်များနှင့် ဖိုင်ဘာသွယ်တန်းခြင်း လုပ်ငန်းများကို ခွင့်ပြုပေးခြင်း ၊ base station များကို ဆောက်လုပ်ပေးခြင်းနှင့် သေးငယ်သော ဆဲလ်များ ပေါင်းစပ်ပေးခြင်းတို့ကို တက်ကြွစွာ လုပ်ပေးခြင်းဖြင့် အားပေးခဲ့ပါတယ်။ မကြာသေးခင်က wireless licensing reform တွင် frequency bands အမျိုးမျိုးအတွက် လိုင်စင်ထုတ်ပေးခြင်းဟာ ဆန်းသစ်တီထွင်မှုအတွက် တွန်းအားဖြစ်လာမည်ဖြစ်ပြီး private network စတင်ခြင်းကိုလည်း အားပေးမည်ဖြစ်ပါတယ်။ Reliance Industries ၊ Bharti Airtel နှင့် အခြားသော ပြည်တွင်းက carriers များနှင့် ကုမ္ပဏီတို့ရဲ့ အခြေခံအဆောက်အဦးများ ပံ့ပိုးပေးမှုဟာ အိန္ဒိယ၏ 5G ကဏ္ဍတွင် အရေးပါသော အကျိုးခံစားသောသူများဖြစ်လာမည်ဖြစ်ပါတယ်။

နိဂုံးချုပ်အဖြစ် အိန္ဒိယနိုင်ငံ၏ 5G အသုံးချခြင်းဟာ နိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးအတွက် ကြီးမားသော အခွင့်အလမ်းကို ပေးပါတယ်၊ ၂၀၂၅ ခုနှစ်တွင် စီးပွားရေးအင်အား ကန်ဒေါ်လာ ၅ ထရီလီယံ အထိတိုးလာနိုင်ခြေနဲ့အတူ ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းများကိုလည်း ပေးပါတယ်။

Source: 13D Research & Strategy

.

.

.

2)😮😮😮စားသောက်ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဒုက္ခရောက်နေကြသော ဖီလစ်ပိုင်ပြည်သူများ

ဖီလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ်ဂျေအရ်ကတော့ သူ့ရဲ့ မဲဆွယ်ကာလတုန်းက ကတိတစ်ခုဖြစ်တဲ့ ငွေကြေးဖောင်းပွမှု ကျဆင်းလာစေရန် ရုန်းကန်နေရပြီး ငွေကြေးဖောင်းပွမှုဟာ ဇန်နဝါရီလတွင် ၈.၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်၊ စားသောက်ကုန်စျေးနှုန်းကတော့ ၁၁.၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ၂၀၀၉ နောက်ပိုင်း အမြင့်ဆုံးသို့ ရောက်သွားပါတယ်။

အခြားနိုင်ငံများလိုပဲ ဖီလစ်ပိုင်နိုင်ငံဟာလည်း စွမ်းအင်တင်သွင်းမှုအတွက် စျေးနှုန်းပိုပေးနေရပါတယ်၊ ဒါပေမဲ့ အလွန်မြင့်တက်လာသော စားသောက်ကုန်စျေးနှုန်းဟာ ဝမ်းစာအတွက် အခက်ခဲဆုံးသော အရာဖြစ်ပါတယ်။

ဖီလစ်ပိုင်ဟင်းလျာများတွင် အဓိကအရေးပါသော အရာတစ်ခုဖြစ်တဲ့ ကြက်သွန်နီစျေးနှုန်းကလည်း ဧပြီလတွင် ၁ ကီလိုကို ၇၀ ပဲဆို သို့မဟုတ် ကန်ဒေါ်လာ ၂.၁၈ ရှိရာကနေ ဒီဇင်ဘာလမှာတော့ ၇၀၀ ပဲဆို အထိ မြင့်တက်လာခဲ့ပါတယ်၊ ထို့ကြောင့် ကြွက်သွန်နီဟာ အသားထက် ပိုစျေးကြီးလာခဲ့ပါတယ်။

မာကို့စ်အတွက် ကမောက်ကမဖြစ်စေတဲ့ အရာကတော့ သူဟာ စိုက်ပျိုးရေးကဏ္ဍတွင် အောင်မြင်မှုများစွာ ရရှိလာခဲ့သောသူတစ်ယောက်ဖြစ်ပြီး ခုလို နိုင်ငံအတွင်း ကြက်သွန်နီရှားပါးလာခြင်းဟာ ကြန့်ကြာနေသော သွင်းကုန်ဝင်ရောက်မှုကြောင့် ဖြစ်ပါတယ်။ တင်သွင်ထားသော ကြက်သွန်နီများကို အဓိကအားဖြင့် အိန္ဒိယနှင့် တရုတ်နိုင်ငံကို ဝယ်ယူထားပြီး တင်သွင်းမှုတွင် ကွာရင်တင်းနှင့် ဇီဝလုံခြုံရေးများတွက် SPS ခွင့်ပြုချက်များလည်း လိုအပ်ပါတယ်။

Source:Reuters

.

.

.

3)📈📈📈ရေနံဆီထုတ်ခြင်းလျှော့ချရန် စီစဉ်နေသော ရုရှားကြောင့် စက်သုံးဆီစျေးနှုန်း ၂ ရာခိုင်နှုန်း မြင့်တက်

မကြာသေးခင်က ထုတ်ပြန်ချက်တွင် “စားနပ်ရိက္ခာကို ထိန်းချုပ်ထားပါက၊ အတိုးနှုန်းကိုလည်း ထိန်းချုပ်နိုင်မယ်” ဟု ဖော်ပြခဲ့ပါတယ်။ ဒါဟာ အမေရိက်ကန်နှင့် ရုရှားအကြားက လက်ရှိဖြစ်ပွားနေသော သွယ်ဝိုက်စစ်ပွဲအတွက် ကြီးမားသော အကျိုးသက်ရောက်မှုရှိပါတယ်။ ရုရှားမှာတော့ အကြွေးနှင့် ဘဏ်အတိုးနှုန်း အနည်းငယ်သာရှိပါတယ်၊ ပြီးတော့ ရုရှားဟာ ကမ္ဘာပေါ်တွင် စျေးနှုန်းအသက်သာဆုံး လောင်စာဆီရှိပါတယ်။ တစ်ဘက်မှာတော့ အမေရိကန်နိုင်ငံဟာ ကြွေးမြီများစွာရှိပြီး၊ ဝင်ငွေထက် အသုံးစရိတ်များပြားခြင်း နှင့် မြင့်မားသော ကုန်ကျစရိတ်၊ ဘဏ်အတိုးနှုန်းနဲ့ တိုက်ရိုက်ဆက်စပ်နေသော လောင်စာဆီထုတ်လုပ်မှုဟာ လွန်ခဲ့သော ဆယ်စုနှစ်အတွင်းက နိုင်ငံတကာလောင်စာဆီထုတ်လုပ်ရေး တိုးတက်မှု ၉၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသောနိုင်ငံဖြစ်ပါတယ်။

စွမ်းအင်နှင့် စားနပ်ရိက္ခာစျေးနှုန်း မြှင့်တင်ခြင်းဖြင့် ပူတင်ဟာ ဗဟိုဘဏ်ကို ရုရှားအတွက် ဗျူဟာမြောက် ဘဏ္ဍာရေးလက်နက်အဖြစ်သို့ ပြောင်းလဲစေနိုင်ပါတယ်။ ငွေကြေးဖောင်းပွမှုကို တားဆီးနိုင်ရန်အတွက် ဗဟိုဘဏ်ကတော့ အတိုးနှုန်းကို ရေရှည်အထိ မြှင့်တင်ရန် လိုအပ်လာမည်ဖြစ်ပြီး အမေရိကန်အစိုးရ အသုံးစရိတ်ကိုလည်း မြင့်တက်စေခြင်းဖြင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ဘတ်ဂျတ်ထက် ၃၅ ရာခိုင်နှုန်း များနေပြီဖြစ်သော ဘဏ္ဍာရေးဘတ်ဂျတ်အတွက် ဖိအားဖြစ်စေမည်ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံတွင် လောင်စာဆီစျေးနှုန်း ထပ်မံမြင့်တက်စေမည်ဖြစ်ပြီး အမေရိကန်၏ လောင်စာဆီထုတ်လုပ်မှုအပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိစေကာ ရုရှားအတွက်တော့ နိုင်ငံတကာစွမ်းအင်စျေးကွက်တွင် ကြီးမားသော ရှယ်ယာရရှိစေမည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှင့် ဘဏ်အတိုးနှုန်းမှာလည်း ထိန်းချုပ်မှုကို ပိုရရှိစေမည်ဖြစ်ပါတယ်။

ပြန်လည်မြင့်တက်လာသော ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းထားနိုင်ရန်အတွက် ဗဟိုဘဏ်ဟာ အတိုးနှုန်းကို မြှင့်တင်လိုက်ပါက အမေရိကန်နိုင်ငံက ပိုင်ဆိုင်မှုစျေးကွက်၊ အခွန်ရရှိမှု၊ လိုငွေ၊ UST စျေးကွက် နှင့် လောင်စာဆီထုတ်လုပ်မှုများကို ထိခိုက်စေမည်ဖြစ်ပြီး ဒါတွေအားလုံးဟာ ရုရှားအတွက် ကောင်းကျိုးဖြစ်စေမည်ဖြစ်ပါတယ်။ တစ်ဘက်မှာတော့ အကယ်၍ ဗဟိုဘဏ်ဟာ အခြားနည်းလမ်းရှာခြင်း သို့မဟုတ် ဘဏ္ဍာရေးဝန်ကြီးဌာနဟာ USD ကို အားနည်းစေပြီး နိုင်ငံခြား UST ဝယ်လိုအား တိုးစေပါက စားသောက်ကုန်စျေးနှုန်း၊ ဆိုင်မှုစျေးနှုန်း၊ US CPI ငွေကြေးဖောင်းပွမှုတို့ကို မြင့်တက်လာစေနိုင်ပြီး UST စျေးကွက်ကိုလည်း ထိုးနှက်လာကာ နောက်ဆုံးတော့ အတိုးနှုန်းနှင့် ကြွေးမြီဂရက်ကို ထိန်းချုပ်နိုင်ရန် ဗဟိုဘဏ်ဟာ YCC ကို အသုံးပြုလာစေနိုင်ပါတယ်။ ဒီလို ဆိုးကျိုးများဖြစ်လာနိုင်သောကြောင့် ဗဟိုဘဏ် သို့မဟုတ် ဘဏ္ဍာရေးဝန်ကြီးဌာနဟာ လာမယ့်လများအတွင်း USD ကို အားနည်းစေပြီး UST စျေးကွက်ဖယိုဖရဲဖြစ်မှုကနေ ကာကွယ်ရန် ရေရှည်အတိုးနှုန်းမြှင့်တင်မလား ဆုံးဖြတ်ရတော့မည်ဖြစ်ပါတယ်။

နိဂုံးချုပ်အဖြစ် ရုရှား၏ နည်းပါးသော ကြွေးမြီ နှင့် နည်းပါးသော အတိုးနှုန်းအပြင် စျေးနှုန်းသက်သာသော လောင်စာဆီတို့ကြောင့် အမေရိကန်နိုင်ငံပေါ် အသာစီးရစေပါတယ်။ စွမ်းအင်နှင့် ကုန်စျေးနှုန်းတို့ကို မြှင့်တင်ခြင်းဖြင့် ပူတင်ဟာ အမေရိကန်ဗဟိုဘဏ်ကို ရုရှားအတွက် ဗျူဟာမြောက်ဘဏ္ဍာရေးလက်နက်အဖြစ်သို့ ပြောင်းလဲစေနိုင်ပါတယ်။ ဗဟိုဘဏ်ဟာ ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းနိုင်ရန် အတိုးနှုန်းမြှင့်တင်လိုက်ပါက၊ အမေရိကန်၏ ပိုင်ဆိုင်မှုစျေးကွက်၊ အခွန်ရရှိမှု၊ လိုငွေ၊ UST စျေးကွက် နှင့် အမေရိကန်၏ လောင်စာဆီထုတ်လုပ်မှုတို့ကို ထိခိုက်စေမည်ဖြစ်ပြီး ဒါတွေအားလုံးဟာ ရုရှားအတွက် အမြတ်ဖြစ်လာမည်ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း ဗဟိုဘဏ်ဟာ အခြားနည်းလမ်းကို ရှာဖွေခြင်း သို့မဟုတ် နိုင်ငံခြား UST ဝယ်လိုအားတိုးစေရန် USD ကို ဘဏ္ဍာရေးဝန်ကြီးက အားနည်းစေပါက၊ ဒါဟာ စားနပ်ရိက္ခာနှင့် ပိုင်ဆိုင်မှုစျေးနှုန်းကို မြင့်တက်စေမည်ဖြစ်ပါတယ်၊ UST စျေးကွက်ထိခိုက်လာနိုင်ခြေရှိပြီး နောက်ဆုံးတော့ ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းနှင့် ကြွေးမြီပြဿနာကို ထိန်းသိမ်းရန် YCC ကိုအသုံးပြုလာနိုင်ပါတယ်။ ဘယ်လို ဆုံးဖြတ်ချက်ပဲချချ ရုရှားကတော့ အမေရိကန်အပေါ်မှာ ထိန်းချုပ်မှုတစ်ချို့ လုပ်စေနိုင်ပါတယ်။

Source: FFTT Tree Rings

.

.

.

4)👉👉👉ဒေါ်လာ ၁၆.၉၀ ထီရီလီယံအထိ မြင့်တက်လာသော အမေရိကန်နိုင်ငံက အိမ်သုံးကြွေးမြီ

အမေရိကန်နိုင်ငံက အိမ်သုံးကြွေးမြိဟာ အိမ်တစ်အိမ်အတွက်အသုံးစရိတ်၊ မြင့်မားသော ငွေကြေးဖောင်းပွမှု အကြား အကြွေးသုံးကဒ်အသုံးပြုမှု မြင့်တက်လာခြင်း နှင့် ဘဏ်အတိုးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အောက်တိုဘာလအတွင်း ဒေါ်လာ ၁၆.၉၀ ထရီလီယံ အထိမြင့်တက်လာခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း အများဆုံးဖြစ်လာခဲ့ကြောင့် ကြာသပတေးနေ့တွင ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အိမ်သုံးကြွေးမြီဟာ ပြီးခဲ့တဲ့ နောက်ဆုံး ၃ လပတ်တွင် ဒေါ်လာ ၃၉၄ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး ကိုဗစ်-၁၉ မတိုင်ခင်တုန်းကထက် ခုတော့ ၂.၇၅ ထရီလီယံ မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက အကြွေးကဒ်အသုံးပြုမှုကလည်း ၁၉၉၉ နောက်ပိုင်း အများဆုံးဖြစ်ခဲ့ကြောင်း နယူးယောက်မြို့ရှိ ဗဟိုဘဏ်၏ ၃ လပတ်အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

အိမ်သုံးစရိတ်ကြွေးမြီဟာ ဒေါ်လာ ၂၅၄ ဘီလီယံ မြင့်တက်လာခဲ့ပြီး ဒီဇင်ဘာလကုန်တွင် စုစုပေါင်း ၁၁.၉၂ ထရီလီယံရှိလာခဲ့ပြီဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ စားသုံးသူများချေးငွေကတော့ ဒေါ်လာ ၄၉၈ ဘီလီယံကို ကျဆင်းသွားခဲ့ပြီး ၂၀၁၉ ခုနှစ်တုန်းက ပမာဏကို ပြန်ရောက်သွားခဲ့ပါတယ်။

Source: Reuters

.

.

.

5)🌟🌟🌟စျေးနှုန်းတဖြည်းဖြည်းကျဆင်းလာသော လူသုံးကုန်

လူသုံးကုန်စျေးကွက်အလားအလာဟာ ရှုပ်ထွေးနေပါတယ်။ သတ္တုများဖြစ်တဲ့ ကြေးနီ၊ အလူမီနီယံ၊ ခဲသတ္တု၊ သွပ်၊ နီကယ် နှင့် သံဖြူဒြပ်စင် စျေးနှုန်းများကတော့ ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်များနှင့် အမေရိကန်ဒေါ်လာ တန်ဖိုးပြန်လည်မြင့်တက်လာခြင်းတို့ကြောင့် ပြန်လည်ကျဆင်းလာရန် ခန့်မှန်းထားပါတယ်။ ဆန့်ကျင်ဘက်အဖြစ် ရေနံစိမ်းကတော့ ဒေါ်လာ ၆၀ ကျော်ရန် ခန့်မှန်းထားပြီး၂၀၂၃ ဒုတိယနှစ်ဝက်တွင် စျေးကွက်တိုးတက်လာရန် ခန့်မှန်းထားပြီး ၂၀၂၄ ခုနှစ်မှာတော့ နိုင်ငံတကာစီးပွားရေးဟာ အရှိန်ကောင်း ပြန်လည် ရရှိမည်ဟု ခန့်မှန်းရပါတယ်။ ဒါပေမယ့် ပထဝီနိုင်ငံရေး စန်ခေါ်မှုကတော့ အန္တကြီးမားနေဆဲဖြစ်ပြီး အီရန်၏ နျူကလီးယားရည်မှန်းချက် နှင့် ဒေသအတွင်း တင်းမာမှုများ ကြီးထွားလာနိုင်ခြေတို့ဟာ ကြီးမားသော စိုးရိမ်မှုကြီး တစ်ခုဖြစ်ပါတယ်။

ရှေ့အလားအလာနဲ့ပတ်သက်ပြီး ယခုနှစ်ဝက်လောက်ကပြီး လူသုံးကုန်နဲ့ပတ်သက်ပြီး ကုန်းစျေးနှုန်းမြင့်တက်လာနိုင်ခြေလည်းရှိပြီး ၂၀၂၄-၂၅ ခုနှစ်အထိ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါဟာလည်း အစိုးရ၏ အမေရိကန်  သို့မဟုတ် ဥရောပဇုန်ငွေတိုက်စာချုပ်အစား လူသုံးကုန်များနှင့် အခြားသော ပိုင်ဆိုင်မှုများကို သိုလှောင်ရန် တောင်းဆိုမှုများ မြင့်တက်လာကြောင့် စျေးနှုန်း မြင့်တက်လာနိုင်ပါတယ်။ ပြီးတော့ ဒီမိုကရေစီနှင့် အာဏာရှင်ဆန်သောနိုင်ငံများအကြားက တင်းမာမှုများ မြင့်တက်လာချိန် အာဏာရှင်ဆန်ဆန်အုပ်ချုပ်မှုဟာ ကမ္ဘာ့လူသုံးကုန် ၃ ပုံ ၂ ပုံကို ထိန်းချုပ်ထားသောကြောင့် သူတို့ရဲ့ ဝင်ငွေနှင့် သိုလှောင်မှုကို ထိန်းသိမ်းရန် ထောက်ပံ့မှုကို ကန့်သတ်လာနိုင်ပါတယ်။ ဒါတွေကြောင့် ကျွန်တော်တို့ ကျန်သောကမ္ဘာကြီးအတွက် ဗျူဟာမြောက် ပြောင်းလဲမှုကြီးကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Source: Zulauf Consulting

.

.

.

6)☝️☝️☝️ရွှေစျေးနှုန်း အပြောင်းအလဲ ကာလအတွင် ရွှေစုဆောင်းရန် တိုက်တွန်း

ပြန်လည်စျေးကောင်းလာသောအမေရိကန်ဒေါ်လာနဲ့အတူ ရွှေစျေးနှုန်းကလည်း စျေးနှုန်းပြောင်းလဲလာသောကာလကို ကြုံရနိုင်ပါတယ် ဒါပေမယ့် short-term sell signal ကတော့ စတင်နေပြီဖြစ်သော်လည်း medium-term signal ကတော့ ပေါ်မလာသေးပါဘူး။ အစီရင်ခံစာတွင် ဖော်ပြချက်အရ ဒီလို အခြေအနေများရှိနေသော်လည်း ရွှေရဲ့အခြေခံစျေးကွက်ကတော့ အနည်းငယ် တိုးတက်လာကြောင်း နှင့် အနောက်နိုင်ငံက ငွေကြေးများအပေါ်တွင် ရင်းနှီးမြှုပ်နှံမှု မရှိသော BRICS+ ကြောင့် လာမယ့်နှစ်များအတွင်း ရွှေအပေါ် ဝယ်လိုအား မြင့်တက်လာနိုင်ပါတယ်။

နည်းစနစ်ပိုင်းဆိုင်ရာအညွှန်းကိန်းအရ ရွှေစျေးနှုန်းဟာ ဒေါ်လာ ၁၈၀၀ ဝန်းကျင်သို့ စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်လာနိုင်ကြောင်း၊ ရေရှည်တွင် စျေးနှုန်း ဆက်လက်မြင့်တက်လာနိုင်သောကြောင့် လာမယ့် ရွှေစျေးနှုန်းအပြောင်းအလဲအတွင် ရွှေဝယ်ယူရန် အကြံပေးထားပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်းက ကုန်စျေးနှုန်း၊ ယူကရိန်းစစ်ပွဲကြောင့် ကြီးမားသော ကုန်စျေးနှုန်းမြင့်တက်မှုများကြောင့် အစိုးရဟာ ကြွေးမြီပိုထူလာမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ အကျိုးအဆက်အဖြစ် ဒီနှစ် ရွှေစျေးနှုန်း အပြောင်းအလဲကာလအတွင်း ရွှေဝယ်ခြင်းနှင့် ရွှေတူဖော်ခြင်းတို့ကို ပြုလုပ်ရန် တိုက်တွန်းထားပါတယ်။


PubBit Myanmar logo
Subscribe to PubBit Myanmar and never miss a post.
#pubbit#macrotrend#cryptocurrency
  • Loading comments...