🟡 PubBit Regulation 08.02.2023

PubBit Myanmar

PubBit Myanmar

ဒီနေ့အတွက် Regulation နှင့် ပက်သက်တဲ့ သတင်း ၇ ပုဒ်ရှိပါတယ် ရှင့် ။အောက်ပါ link လေးထဲ ဝင်ဖတ်ပေးကြပါရှင့်🙏❤️‍🔥

Telegram channel လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMChannel  

Telegram Group လေးကိုလဲ Join ပေးကြပါနော် - https://t.me/PubBitMMGroup

ဒီပိုစ့်ကိုစပွန်ဆာထားတာကတော့ NATIV ကပဲဖြစ်ပါတယ်ရှင့်

post image

ညီမတို့ကို sponsor ပေးထားတဲ့ NATIV အကြောင်းပိုပြီးသိရှိစေရန်နှင့် Beta Tester ဖစ်လာဖို့ဆိုရင်

Click 👉👉👉 - https://bit.ly/nativmmparagraph

post image

1)$$$ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို Easter မတိုင်ခင် အတည်ပြုချင်တဲ့ ဗြိတိန်ဝန်ကြီး Andrew Griffith

ဗြိတိန်အမတ်အပြင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီးပွားရေးဝန်ကြီးလည်းဖြစ်တဲ့ Andrew Griffith ရဲ့ ဦးစားပေးအရာကတော့ ဒီနှစ်အတွင်း Financial Services and Markets Bill ကိုအတည်ပြုရေးဖြစ်ပါတယ်။

ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သော City UK နှစ်ပတ်လည် ညနေစာစားပွဲတွင် Griffith က သူဟာ ထိုဥပဒေမူကြမ်းကို ကို statue book တွင် Easter မတိုင်ခင် အတည်ပြုနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း  ပြောပါတယ်။ statue book ဟာ အတည်ပြုထားသော ဥပဒေများအားလုံးနှင့် ဗြိတိန်နိုင်ငံတွင် ပြဌာန်းထားသော ဥပဒေများအားလုံး၏ မှတ်တမ်းစာအုပ်ဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ရည်မှန်းချက်ကတော့ ကျွန်တော်တို့ဟာ ဘဏ္ဍာရေးတွင် အချက်အချာကျသော‌ နေရာဖြစ်လာရေးဖြစ်တယ်၊ နိုင်ငံတကာတွင်ရှိသော တရားရေးရာအဖွဲ့အစည်းအားလုံးနဲ့ ခိုင်မာသော ဆက်ဆံရေး ထားရှိရန် ကျွန်တော်တို့ရဲ့ ခွန်အားကို အသုံးပြုရမယ်၊ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ပြီး နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတိုးလာစေရန် အခွင့်အလမ်းကို တိုးရမယ်” ဟု Griffith က ပြောပါတယ်။

Source: The Block

.

.

.

2)👉👉👉Bitcoin အသုံးပြုမှုကို ဆန့်ကျင်သော သီရီလင်္ကာနိုင်ငံဟာ Drapper ရဲ့ Anti-Corruption Pitch ကိုလည်း ငြင်းပယ်

မကြာသေးခင်က သူ့ရဲ့ ခရီးစဉ်တွင် အမေရိကန်နိုင်ငံသား ဘီလီလျံနာဖြစ်တဲ့ Tom Draper ဟာ ကျွန်းငယ်လေးနိုင်ငံတွင် ငွေကြေးဖောင်းပွမှုကို ကြီးမားစွာ ဖြစ်ပေါ်စေခဲ့သော အကျင့်ပျက်ချစားမှုကနေ ကာကွယ်နိုင်ရန် Bitcoin ကို တရားဝင်အသုံးပြုရန် အကြံပြုခဲ့ပါတယ်။ ဒါပေမယ့် သီရီလင်္ကာနိုင်ငံ တာဝန်ရှိသူဖြစ်တဲ့ ဗဟိုဘဏ်ဥက္ကဌ Nandalal Weerasinghe ကတော့ အကြံပေးထားသလို လုပ်ပါက နိုင်ငံ၏ စီးပွားရေး ပိုမိုဆိုးရွားစေလိမ့်မယ်ဟု ပြောပါတယ်။

Draper ကတော့ သမ္မတ Ranil Wickremesinghe နှင့် Weerasinghe နဲ့ တွေ့ဆုံခဲ့ပြီး ဘဏ္ဍာရေးပြဿနာများကနေ ရုန်းထွက်နိုင်ရန် bitcoin ကိုအသုံးပြုကြရန် အကြံပေးခဲ့ပါတယ်။ တွေ့ဆုံမှုတွင် Draper က သီရီလင်္ကာ အဓိက ရင်ဆိုင်ရေသော ပြဿနာကို ထောက်ပြခဲ့ပါတယ်။

“သီရီလင်္ကာနိုင်ငံမှာ သတင်းကြည့်ပြီးပြီလား။ ဒီနိုင်ငံကို အကျင့်ပျက်ချစားရေးမြို့တော်လို့ သိကြတယ်။ အကျင့်ပျက်ချစားမှုကြောင့် လူသိများနဲ့ တိုင်းပြည်ဟာ bitcoin ကို အသုံးပြုပါက ပြည့်စုံသော မှတ်တမ်းကို ထားနိုင်တယ်” ဟု Draper က decentralized currency ကိုအသုံးပြုရန် ဗဟိုဘဏ်ဥက္ကဌကို အကြံပေးရင်း ပြောခဲ့ပါတယ်။ သို့သော်လည်း သူကတော့ “ကျွန်တော်တို့ လက်မခံပါဘူး” ဟု Weerasinghe က တုံ့ပြန်ပါတယ်။

“Bitcoin ကို ၁၀၀ ရာခိုင်နှုန်း အသုံးပြုခြင်းဖြင့် သီရီလင်္ကာရဲ့ လက်တွေ့ပြဿနာကို အဆုံးမသတ်စေပါဘူး” ဟု ဆက်ပြောခဲ့ပါတယ်။

Source: Cointelegraph

.

.

.

3) 🔆 🔆 🔆 Securities မဟုတ်သော Crypto Products များကို Regulate ဆက်လုပ်ရန် CFTC ဆုံးဖြတ်

အမေရိကန်နိုင်ငံက CFTC ဟာ Securities အဖြစ် သတ်မှတ်ခြင်း မခံရသော crypto token များကို ဆက်ပြီး regulate လုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ  ၃ ရက်နေ့တွင် ပြုလုပ်သော Conference ပွဲတွင် ပြောပါတယ်။CFTC ၏ ဥက္ကဌဖြစ်တဲ့ Rostin Behnam ကတော့ ABA Business Law Section Derivatives & Future Law Committee Winter Meeting တွင် regulators များ၏ ရပ်တည်ချက်ကို ရှင်းပြခဲ့ပါတယ်။

Crypto regulation နဲ့ပတ်သက်ပြီး နောက်ထပ် လုပ်စရာတွေလည်း ရှိသေးကြောင်း Benhnam က ပြောပါတယ်။

“Non-security token တွင် crypto cash market regulation နဲ့ပတ်သက်ပြီး ကွာဟမှုတွေရှိနေဆဲပါ၊  အကယ်၍ အောက်လွှတ်တော်က ရွေးချယ်ပါက ဒီကွာဟမှုကို ဖြည့်ရန် CFTC ဟာ နေရာကောင်းတွင်ရှိတယ်လို့ ယုံကြပါတယ်” ဟု Benhnam က ပြောပါတယ်။

ဒါကို လုပ်ဆောင်နိုင်ဖို့ အောက်လွှတ်တော်နဲ့ နောက်ဆုံး တွေ့ဆုံမှုတွင် CFTC ဟာ ဒီကစ္စကို ဆွေးနွေးမည်ဖြစ်ကြောင်း ပြောပါတယ်။ ၁၁၈ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးဟာ သောကြာနေ့တွင် စတင်ခဲ့ပြီး ၂၀၂၅ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပါတယ်။ အထက်လွှတ်တော်တွင် ဒီမိုကရတ်တစ်ထိန်းချုပ်ထားသော်လည်း အောက်လွှတ်တော်မှာတော့ ရီဘတ်ပလီကန်ဟာ အများစုဖြစ်ပါတယ်၊ ဒါဟာလည်း CFTC အပေါ် အကျိုးသက်ရောက်စေနိုင်သော အရာဖြစ်ပါတယ်။

Benhnam ကတော့ ၂၀၂၂ ခုနှစ်အတွင်းက ပြိုကွဲမှုနှင့်ဒေဝါလီခံမှုများအကြောင်းကို အလေးထားပြောကြားခဲ့ပြီး customers များကို ကာကွယ်နိုင်ရန်နှင့် ကျဆုံးမှုကနေ ကာကွယ်ရန် regulation ဟာ လိုအပ်ကြောင်း ပြောပါတယ်။

Source: CryptoSlate

.

.

.

4)☝️☝️☝️အီးယူ၏ ဥပဒေသစ်နဲ့ကိုက်ညီသော Crypto Environment အီတလီထားရှိရန် ဗဟိုဘက်ဥက္ကဌပြော

အီတလီနိုင်ငံက မူဝါဒရေးဆွဲသူများဟာ crypto အတွက် စည်းမျဉ်းစည်းကမ်းများ အီးယူဥပဒေကို အတုယူပြီး ကွက်ကဲရေး environment ကို စတင်နေပြီဟု ဗဟိုဘဏ်ဥက္ကဌဖြစ်တဲ့ Ignazio Visco က တနင်္လာနေ့တွင် ပြောပါတယ်။

Crypto အတွက် စည်းမျဉ်းစည်းကမ်းများ ချထားခြင်းဟာ ဘယ်လောက်အရေးပါသလဲဆိုတာကို  Visco က ရှင်းပြသွားခဲ့ပြီး မီလန်မြို့တွင် ပြုလုပ်ခဲ့သော နိုင်ငံတကာစီးပွားရေးအခြေအနေဆိုင်ရာ မိန့်ခွန်းတွင် ဥရောပနှင့် အီတလီ စီမံချက်များကို မကြာခင်စတင်မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အီတလီနိုင်ငံနှင့် ဥရောပနိုင်ငံများ၏ စီးပွားရေးဟာ ကျဆင်းနေပြီး အစဉ်အလာ ဘဏ္ဍာရေးဆက်ဆံမှုများဟာ အားနည်းခဲ့သော်လည်း ပြီးခဲ့တဲ့နှစ်တွင် crypto market ပြိုကျမှုကြောင့် လက်တွေ့စီးပွားရေးအပေါ်တွင် စနစ်တကျအကျိုးသက်ရောက်မှု မရှိခဲ့ကြောင်း သူက ပြောပါတယ်။

အီတလီဗဟိုဘဏ်၏ စစ်တမ်းတွင် တွေ့ရှိချက်အရ အီတလီနိုင်ငံက အိမ်ထောင်မိသားစု ၂ ရာခိုင်နှုန်းဟာ ပျမ်းမျှအသင့်သင့်ရှိသော crypto ကိုင်ဆောင်ထားပြီး အီတလီနိုင်ငံသားများ၏ စျေးကွက်နဲ့ အထိအတွေ့ဟာ အကန့်အသတ်နဲ့သာရှိကြောင်း ဆိုပါတယ်။

Source: Binance

.

.

.

5)🪴 🪴 🪴CBDC အတွက် ဆွေးနွေးမှု ပြုလုပ်ခဲ့သော ဗြိတိန်အစိုးရနှင့် ဗဟိုဘဏ်

ဗြိတိန်နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ဟာ ဖြစ်လာနိုင်ခြေရှိသော digital currency ကို လက်ရှိ ဆယ်စုနှစ်အတွင်း launch နိုင်ရန် ကနဦး ပြင်ဆင်မှုများကို လုပ်ဆောင်နေကြောင်း ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်တွက် ဖော်ပြထားပါတယ်။

မကြာသေးခင်ရက်ပိုင်းအတွင်းမှာပဲ ဗြိတိန်အစိုးရဟာ crypto ဆိုင်ရာ စည်းကမ်းများ ကျယ်ပြန့်စွာ ထားရှိရေး အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး stakeholders များအနေနဲ့ အားဖြည့်ပါဝင်ပေးရန် တောင်းဆိုခဲ့ပါတယ်။ ထိုပြင်ဆင်မှုများတွင် digital currency ဟာ ဘယ်လိုပုံစံရှိလာမလဲဆိုတာကို အသေးစိတ် ရှင်းပြထားပြီး အများပြည်သူ၏ အမြင်များကိုလည်း ပြောပေးရန် တောင်းဆိုထားပါတယ်။

Source: The Block

.

.

.

6)$$$ USD Transfer ကို ဖေဖော်ဝါရီလ ၈ ရက်တွင် Binance ခဏရပ်ဆိုင်းမည်

Binance ၏ တနင်္လာနေ့တွင် ပြောဆိုချက်အရ USD Transfer ကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ခဏရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ ဒါဟာ အသုံးပြုသူ အနည်းငယ်ပေါ်သော နစ်နာစေမည်ဖြစ်ကြောင်း Binance ကတော့ ပြောပါတယ်။

“အမေရိကန်ဒေါ်လာဘဏ်လွှဲပြောင်းမှုဟာ ကျွန်တော်တို့ရဲ့ တစ်လတာ အသုံးပြုသူ ၀.၀၁ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုတယ်ဆိုတာကို သိစေချင်ပါတယ်” ဟု Binance CEO ဖြစ်တဲ့ Changpeng Zhao က ပြောပါတယ်။ ဒါပေမယ့် ဒါဟာ မဖြစ်သင့်သော bad user experience တစ်ခုဖြစ်ပြီး မြန်ဆုံးဖြေရှင်းနိုင်ရန် ကြိုးပမ်းနေကြောင်း ပြောပါတယ်။

“တစ်ချို့ဘဏ်တွေဟာ crypto ထုတ်ပေးသည့် support ကို ဖယ်ရှားပေမယ့် တစ်ချို့ကတော့ ဆက်ပြီး အသုံးပြုခွင့်ပေးထားပါတယ်။ ပြီးခဲ့တဲ့နှစ်က အဖြစ်အပျက်ကြောင့် ချို့ယွင်းချက် တစ်ချို့ကို ကျွန်တော်တို့ ကြုံရနိုင်ပါတယ်” ဟု သူက ဆက်ပြောပါတယ်။

“အခြားသော crypto ဝယ်ယူခြင်းနှင့် ရောင်းဝယ်ခြင်းနည်းလမ်းအားလုံးကတော့ ထိခိုက်မှု မရှိပါဘူး” ဟု ကုမ္ပဏီက ပြောပါတယ်။

Source: The Block

.

.

.

7)🌼🌼🌼စီးပွားရေးလုပ်ငန်းများ Security Tokens နဲ့အတူ Crypto အသုံးပြုရေးအတွက် တောင်ကိုရီးယားစတင်

တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ဆောင်မှုများကော်မရှင် (FCS) ဟာ security token နှင့် အခြားသော issuance များတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လမ်းညွှန်ချက်များကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။ ထိုစည်းကမ်းများအရ Capital Markets Act တွင် ဖွင့်ဆိုထားသော အဓိပ္ပါယ်အရ securities စံနှုန်းနဲ့ ကိုက်ညီသော digital assets များဟာ နိုင်ငံတွင် securities အဖြစ် သတ်မှတ်မည်ဖြစ်ပါတယ်။

FSC ၏ ထုတ်ပြန်ချက်အရ cryptocurrency များဟာ စီးပွားရေးလည်ပတ်မှုအတွက် အသုံးပြုနိုင်ခွင့် ရှိပြီး holders များကို dividends ၊ residual assets သို့မဟုတ် စီးပွားရေး အကျိုးအမြတ် ပေးသောကြောင့် Capital Markets Act အောက်တွင် securities အဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြောင်း ပြောပါတယ်။

Securities Regulations များတွင် ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေကို ကာကွယ်နိုင်ရန်အတွက် မျှတမှုမရှိသော ကုန်သွယ်ရေးကို တားမြစ်ခြင်းနှင့် အများပြည်သူကို ချပြခြင်း လိုအပ်ချက်များ ပါဝင်ပါတယ်။

ဒီ securities အမျိုးအစားထဲတွင် ပါဝင်ခြင်းမရှိသော cryptocurrency ကိုတော့ မကြာခင် အတည်ပြုတော့မည့် Framework Act on Digital Assets တွင် စည်းမျဉ်းစည်းကမ်းများ ထည့်သွင်းသွားမည်ဖြစ်ကြောင်း FSC က ပြောပါတယ်။ Issuer မရှိသော digital assets များဖြစ်တဲ့ Bitcoin နှင့် Ethereum ကိုတော့ securities အဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း FSC က ပြောပါတယ်။

Source: CryptoSlate

daveslatin09
Commented 2 years ago

Thanks for your all great effort.

PubBit Myanmar
PubBit Myanmar
Commented 2 years ago

It is our pleasure! Thank you for following us. If there is anything we can improve on or anything topic you would like to know more, please let us know :)

🟡 PubBit Regulation 08.02.2023